အခန်း(၁၀၁၈)

274 30 4
                                    

အခန်း(၁၀၁၈)

ကောင်းကင်ကို ဘယ်လို အံတုမလဲ။







မီးဖိုထဲမှ ကြီးမားသော အပူလှိုင်းတစ်ခု Long Feiye ဆီသို့ ထွက်လာသည်နှင့် လူတိုင်းမှာ မြေပြင်ပေါ်ရှိ အဖုံးဆီသို့ ကြည့်လိုက်ကြသည်။ Han Yunxi နှင့် Gu Qishao တို့မှာ ၎င်း၏စွမ်းအားဖြင့် ဘေးသို့ ပြင်းထန်စွာ တွန်းကန်ခံလိုက်ရပြီ လှိုဏ်ဂူနံရံများ ကွက်အဲသွားတော့သည်။ နှစ်ယောက်လုံး သွေးများ အန်လိုက်ရသည်။ သူတို့က ကြည့်ရှုသူများသာ ဖြစ်နေသော်လည်း နောက်ပြန်ဆုတ်သွားရသည်။ Long Feiye ကော ဘယ်လိုလဲ!!!

အားပြင်းသော အပူလှိုင်းမှာ Long Feiye အား ထိပ်တိုက် ရိုက်ခတ်သွားရုံသာမက သူက နောက်ပြန် လွင့်သွားတော့သည်။ သူ၏ ရှေ့က နှစ်ယောက်ကဲ့သို့ပင် နံရံဖြင့် ဆောင့်မိသွားလေသည်။ Han Yunxi သို့မဟုတ် Gu Qishao နှင့်မတူသည်မှာ သူက လျှောကျမသွားပဲ အနောက်မှ နံရံများ အက်ကွဲသွားသည်အထိ လှိုဏ်ဂူဆီသို့ ဆက်လက် ဆောင့်တွန်းခံနေရသည်။ ကြည့်ရသည်မှာ အက်ကွဲနေသည့် မှန်တစ်ချပ်တွင် သံမှိုစွဲနေသကဲ့သို့ပင်။ သူ့၏ ဒွာရ ခုနစ်ပေါက်မှ သွေးများ စီးကျနေသည်။ မီးဖိုအနက်ထဲမှ ကောင်းကင်မီးမှာ အဆက်မပြတ်သွန်းလောင်းကာ သူ့အား တိုက်ခိုက်နေသည်။ 

သိပ်မကြာခင် သူက ပါးစပ်အပြည့် သွေးများ အန်ချလိုက်ရသည် ။

“မဟုတ်ဘူး…” Han  Yunxi မှာ ငိုရှိုက်နေပြီ ဖြစ်သည်။ မြေပြင်မှ ကုန်းရုန်းထကာ ပျံသန်းသွားသော်လည်း အနားပင် မကပ်နိုင်ပေ။ အပူလှိုင်းမှာ ပုံသဏ္ဍာန်မရှိသော်လည်း အလွန်ပူပြင်းပြီး သူမအား တွန်းကန်နိုင်ရန် လုံလောက်စွာ ပြင်းထန်သည်။နောက်တစ်ကြိမ် ထပ်ရိုက်လိုက်သောအခါတွင် သူမက ခဲယဉ်းစွာရောက်ရှိသွားစတွင်သာ ရှိသေးသည်။

“မဟုတ်ဘူး။ ဒါကို မလိုချင်ဘူး။ ကျွန်မ မလိုဘူး။" အရူးတစ်ယောက်ကဲ့သို့ Han  Yunxi မှာ အနီးကပ်သွားရန် ကြိုးစားနေသော်လည်း ထပ်ခါထပ်ခါ တွန်းကန်ခံနေရသည်။ Gu Qishao မှာ လျင်မြန်စွာ ထလာကာ သူမအား နောက်ပြန်ဆွဲခေါ်လိုက်သည်။

"မင်း သတိကပ်ထား… စိတ်အေးအေးထား…" သူက အော်လိုက်လေသည်။

ထိုအချိန်တွင် Long Feiye မှာ တန်ပြန်တိုက်စစ် စတင်နေပြီဖြစ်သည်။ သူ၏လက်တွေကို ဒန်ထျန်း  ရှေ့တွင် သွယ်ယှက်ထားပြီး သူ၏ အမူအရာမှာ ဖြူဖျော့နေသော်လည်း ခက်ထန်နေသည်။ ကောင်းကင်မီး၏ ထိုးဖောက်လာခြင်းအား တွန်းကန်ရန် သူ၏ခန္ဓာကိုယ်မှ ရမက်ဝါးမြိုခြင်းစွမ်းအင်များ ထွက်ပေါ်လာသည်။ Han Yunxi  မှာ နောက်ထပ် ဆူညံသံများ ထပ်မထုတ်ဝံ့တော့ပေ။ သူမက Long Feiye ထံ စိုက်ကြည့်နေပြီး သူက ဘာလုပ်ရန် ကြိုးစားနေသည်ကို နားလည်လိုက်သည်။ ယခုအခါတွင် နှစ်ဖက်အင်အားများ ထိပ်တိုက်တွေ့နေချိန်တွင် သူမက အထိတ်တလန့်ဖြင့်သာ စောင့်ဆိုင်းနေနိုင်သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now