အခန်း(၁၀၀၃)

317 35 14
                                    

အခန်း(၁၀၀၃)

ရှင်ဘာလို့ မီးလောင် သေမသွားတာလဲ။







Long Feiye မှာ သူမအား ရပ်တန့်ပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။ "ကောင်းကင်ယံတောင်ဓားဂိုဏ်းနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။" 

၎င်းမှာ မော့ရှဲ ဓားဝိဥာဉ်နှင့် မည်သည့်ကိစ္စမှ သက်ဆိုင်ခြင်း မရှိသော်လည်း အရေးကြီးသော မေးခွန်းတစ်ခုပင်။ ထိုမျှ မြင့်မားသော ဓါးစွမ်းရည်မှာ ကောင်းကင်ယံတောင် မှ ဆင်းသက်လာခဲ့ရမည်။ ၎င်းတို့မှာ အခြားဘယ်ကလာနိုင်မည်လဲ။

လက်တစ်ဖက်အမျိုးသားမှာ Long Feiye ၏မေးခွန်းအတွက် အတော်လေး အံ့သြသွားတော့သည်။ သူက တုံ့ဆိုင်းနေသော်လည်း သူ၏ အရိုးများမှ နာကျင်မှုနှင့် ဘေးနားရှိ ပိုင်ရှင်အမျိုးသမီး ရယ်မောသံများမှာ Long Feiye အား ပြန်ဖြေရန် သူ့အား သတိပေးနေသည်။

“ဆရာက မိစ္ဆာဓားဂိုဏ်းရဲ့ အစိတ်အပိုင်းပဲ။ သူက နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့ပြီး ကောင်းကင်ယံတောင်ဓါးဂိုဏ်းရဲ့ အရေးကိစ္စ တွေကို ဘယ်တော့မှ မမေးခဲ့ဘူး။ ငါက သူ့ရဲ့တစ်ဦးတည်းသောတပည့်ပဲ။" လက်တစ်ဖက်အမျိုးသားမှာ ပြန်ဖြေလိုက်သည်။

မိစ္ဆာဓါး ဂိုဏ်း!!!  Long Feiye မှာ အဖြေအား ကျေနပ်နေခဲ့သည်။ ဂိုဏ်းအကြောင်း သူက မသိထားသော ကိစ္စများ ရှိနေသကဲ့သို့ လျှို့ဝှက်ဓားသိုင်း အချို့ကိုလည်း မမြင်ဖူးခဲ့ပေ။ သူက နောက်ဆုတ်လာလျှင် Han Yunxi မှာ ထိုအမျိုးသားအား အဆိပ်ဖြေဆေးဖြင့် ချက်ချင်းကုသပေးရန် သွားလိုက်သည်။ အမှန်တွင် သူမက မေးခွန်းများ ပိုမေးချင်သော်လည်း အချိန်ကုန်လာနေသည်။ ယခု သူ့အား မကုလျှင် မေးစရာ မည်သူမှ မကျန်တော့ပေ။

ထိုအမျိုးသားမှာ အဆိပ်ဖြေဆေးသောက်ပြီးနောက် မြေပြင်ပေါ်တွင် ထိုင်ကာ သက်ပြင်းချလိုက်သည်။ သဘာဝကျစွာပင် Han Yunxi  မှာ သူနှင့် ပိုင်ရှင်ကြားအမျိုးသမီးတွင် ဇာတ်လမ်းရှိကြောင်း ပြောနိုင်သော်လည်း ထိုကိစ္စအပေါ် သူမ စိတ်မဝင်စားပေ။ ထိုနှစ်ယောက်မှာ အပြစ်မဲ့အမျိုးသမီးခုနစ်ဦးနှင့် အရိပ်အစောင့်နှစ်ယောက်အား သတ်ခဲ့ကြောင်းသာ သူမ သိနေသည်။ သူတို့၏ ရာဇ၀တ်မှုများမှာ ခွင့်မလွှတ်နိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now