အခန်း(၁၀၂၁)

269 30 0
                                    

အခန်း(၁၀၂၁)

ကောင်းကင်ယံတောင်မှ နောက်ကျနေသည့် ပြန်စာ။





Long Feiye မှာ ကျင့်ကြံမှု သွေဖယ်ခြင်းမှ ခြေတစ်လှမ်းသာဝေးတော့သည်။ 

သူက Han  Yunxi အား အနောက်မှ ဖက်တွယ်ထားရင်း သူမနှင့် နာကျင်မှုအား အတူတကွ ခံယူနိုင်ရန်အတွက် ထိုအမျိုးသမီးအား သူ၏ ကိုယ်တွင်းသို့ မြှုပ်ထားကာ တစ်သားတည်းဖြစ်လာချင်မိသည်။

သူက သူမ၏ လည်တိုင်တွင် ခေါင်းမြှုပ်ထားပြီး နှုတ်ခမ်းများမှာ သူမ၏ ပုခုံးတွင် ဖိကာ ကိုက်ခဲချင်နေသည်။ သို့ရာတွင် နောက်ဆုံးတွင်တော့ သူက အဆုံးသတ်ရရန် မုန်းတီးသော အနမ်းတစ်ပွင့်ဖြစ်လာလေသည်။

သေခြင်းတရား၏ အစွန်းတွင်၊ Han  Yunxi  မှာ ဤပွေ့ဖက်မှုနှင့် သူ၏နှုတ်ခမ်းမှ နွေးထွေးမှုကို မည်သို့ တောင့်တခြင်း မရှိပဲ နေနိုင်မည်လဲ။ သူမက အလွန်ပင် ပင်ပန်းနွမ်းနယ်နေသဖြင့် ခန္ဓာကိုယ်တွင်း၌ ချီ နှင့် သွေးများ ပြောင်းပြန်စီးဆင်းနေခြင်းကိုပင် မစဥ်းစားနိုင်တော့ပေ။ သူမက Long Feiye ၏ ရင်ခွင်တွင်း၌သာ မလှုပ်မယှက် အိပ်စက်ခြင်းနေချင်ခဲ့သည်။
ရုတ်​တရက်​ ပူ​နွေးစိုစွတ်​​နေသည့်​အရာမှာ​ သူမ၏လည်​တိုင်​ တစ်လျှောက် စီးဆင်းလာသည်​။ သူ၏ လက်ချောင်းများတွင် သွေးများ စိုရွဲနေသည်ကို ခံစားမိကာ တွေ့လိုက်ရသည်။ 

၎င်းမှာ သူမ၏ အာရုံများ ပြန်လည် ရောက်ရှိလာရန် လုံလောက်နေသည်။  သူမက လှည့်ကြည့်လိုက်လျှင် နှုတ်ခမ်းထောင့်မှ သွေးစွန်းနေသော Long Feiye ၏  ဖြူဖျော့နေသည့် မျက်နှာအား တွေ့လျှင် ထိတ်လန့်သွားတော့သည်။ 

သူတို့၏ စုံတွဲကျင့်ကြံမှုမှာ ပျက်စီးလုနီးပါးပင်။ အများဆုံး သူမက သူမ၏ နိဗ္ဗာနနှလုံးသားကျင့်စဥ်၏ တန်ပြန်မှုဒဏ်ကို ခံခဲ့ရပြီး Long Feiye မှာ သူ၏ ရမက်ဝါးမြိုခြင်းစွမ်းအင်မှ တူညီစွာ ခံစားခဲ့ရသည်။ 
Han  Yunxi  မှာ ထိတ်လန့်သွားပြီးနောက် တစ်ခဏပင် နှောင့်နှေးနေခြင်း မရှိပဲ Long Feiye ၏ဓားအား ဆွဲထုတ်ကာ သူ၏ လက်ထဲထည့်ပေးလိုက်သည်။ 

"Long Feiye၊ အချိန်မရှိဘူး၊ မြန်မြန်.." သူမက စိုးရိမ်တကြီး ပြောလိုက်သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now