အခန်း(၁၁၉၂)

213 22 0
                                    

အခန်း(၁၁၉၂)

သူက ပေးနိုင်သလောက်…..







ညမှာ ပို၍ မှောင်လာသည်...

Mu Linger  မှာ အပြင်သို့ တိုးထွက်နေသည့် သစ်ကိုင်းများပေါ်တွင် မသက်မသာ ကွေးနေရင်း ငိုက်မျည်းကာ  အိပ်မောကျသွားနှင့်အမျှ စိတ်အေးလက်အေးရှိလာသည်။ 

သူမ၏ ပင်ကိုယ်စိတ်က သူမကို မကျရှုံးစေခဲ့ပေ။ Gu Qishao မှာ အမှန်တကယ်ပင် အနီးအနားတွင် ရှိနေခဲ့သည်။ သူမ အမှန်တကယ် အိပ်ပျော်သွားချိန်တွင်တော့ သူက အနီရောင်၀တ်စုံဖြင့် ညအမှောင်တွင်းမှ ထွက်လာသည်။ သူ၏ အပြုံးမှာ အမှောင်ထဲတွင် ကြာပန်းနီပွင့်ကဲ့သို့ ပွင့်လန်းနေပြီး ထိုပြည်ပျက်စေအောင် လှပသည့် မျက်နှာပေါ်တွင် တစ်ယောက်အား ရင်သပ်ရှုမောနေအောင်  တောက်ပနေသည်။

လရောင်အောက်မှ ပန်းချီကားတစ်ချပ်ကဲ့သို့ အပင်၏ အနီရောင် အမိုးနှင့် သူ၏ အနီရောင်ဝတ်ရုံမှာ ရောထွေးနေပြီး သစ်ပင်အောက်တွင် ရပ်နေလေသည်။ သူ၏ အပြုံးဖျော့ဖျော့မှာ အချိန်မှ အေးခဲနေသကဲ့သို့  Mu Linger ၏ ငြိမ်းချမ်းစွာ အိပ်စက်နေသော မျက်နှာကို စိုက်ကြည့်နေသည်။

အဝေးမှနေ၍ ဤမြင်ကွင်းသည် အမှန်ပင် ထာဝရအခိုက်အတန့်နှင့်တူလှသည်။

Gu Qishao မှာ နီးကပ်လာပြီး သစ်ကိုင်းပေါ်သို့ အသံတိတ် ခုန်တက်လာကာ Mu Linger ၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။ သူမ၏ မျက်လုံးများ မှိတ်ထားသော်လည်း မျက်ခွံများ ရောင်ရမ်းကာ နီမြန်းနေသည်ဟု သူက ပြောနိုင်သည်။ မကြည့်ပဲဖြင့်လျှင် ကောင်မလေးမှ နေ့တိုင်း ငိုနေမည်မှန်း သူက ခန့်မှန်းနိုင်သည်။ အတိတ်တွင်လည်း အမြဲတစေ ဤသို့ပင် မဟုတ်ပေလော။

သူမ သူ့ကို မတွေ့လျှင် ငိုလိမ့်မည်...

ပေါ့ပေါ့ပါးပါးနှင့် ရယ်မောနေသော Gu Qishao မှာ ရှားရှားပါးပါး လေးနက်သော ခံစားချက်ဖြင့် ငြိမ်သက်နေပြီး သူ၏ သွယ်လျသော မျက်လုံးများတွင် နက်ရှိုင်းသော အတွေးများဖြင့် ပြည့်နေသည်။

သူက Mu Linger ကို ကြည့်ပြီး ပြောလိုက်လေသည်။ "အရူးမလေး.. ငိုတာ ဒါမှမဟုတ် သန်မာနေတာက အသုံးမဝင်ဘူး။ ဒီနှစ်တွေတစ်လျှောက် မင်းက ကြီးပြင်းလာရမယ့်အချိန်ရောက်ပြီ။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now