အခန်း(၁၀၈၃)
မင်းဝင် ဝံ့လား။
Han Yunxi ၏အဖွဲ့မှာ အတားအဆီးမရှိပဲ တောင်ပေါ်မှ ဆင်းလာခဲ့သည်။ အဝေးမှပင် Han Yuxni မှာ ကျားထောင်တွင် မြွေပွေးများ ဝင်ရောက်လာခြင်းမှ တားဆီးရန် အဆိပ်ကွင်း ချထားကြောင်း ပြောနိုင်သည်။ ကွင်းမှာ ရှေ့ တံခါးနှင့် သုံးမီတာ ကွာဝေးပြီး အတွင်းထဲရှိ မြွေပွေး အများအပြားမှာ သေဆုံးနေသည်။ သို့သော်၊ မြွေများမှာ ပိုများလာနေဆဲပင်။ အဆိပ်ကြောင့် မျိုးတူများ သေဆုံးနေကြသော်လည်း ရှေ့သို့ တိုးဝင်မိခြင်းမှ ၎င်းတို့ကိုယ်၎င်းတို့ မထိန်းချုပ်နိုင်ပေ။
Han Yunxi တို့ အဖွဲ့မှာ အဆိပ်ဖြေဆေးသောက်ထားသောကြောင့် အဆိပ်မြွေပွေးများ၏ ပစ်မှတ်ထားခြင်း မခံရပေ။ သူတို့က အဆိပ်ကွင်းအပြင်ဘက်တွင် ရိုးရိုးရှင်းရှင်း ရပ်ကာ မရေမတွက်နိုင်သော မြွေများမှ ရှေ့သို့ တွားသွားနေသည်ကို ကြည့်နေကြသည်။ မြွေသေများအပြင်၊ ခြံဝန်းအတွင်း လေးသမား ငါးတန်းမှာ လေးနှင့်မြှားများ အသင့်ဖြင့် ရပ်နေကြသည်။ မြှားတံများဖြင့် ထူထပ်သော တံတိုင်းကြီးတစ်ခု ဖွဲ့ကာ သူတို့၏လက်နက်များအား ငါးယောက်ထံ ချိန်ရွယ်ထားသည်။ အကယ်၍ မြှား ၁၀,၀၀၀ မှ တစ်ချိန်တည်း ပျံသန်းလာလျှင် ဘာဖြစ်မယ်မှန်း ကောင်းကင်မှသာ သိလိမ့်မည်။ ကျားထောင်တံခါးမှာမူ Jun Yixie ၏အရိပ်အယောင်မရှိပဲ တင်းကျပ်စွာပိတ်ထားသည်။
Han Yunxi မှာ သူမ၏ဘယ်ဘက်တွင် Long Feiye နှင့် Tang Li တို့နှင့်အတူ အဖွဲ့၏အလယ်ဗဟိုတွင်ရပ်နေပြီး ညာဘက်တွင် Gu Beiyue နှင့် Gu Qishao တို့ရပ်နေသည်။ လေးသမားများကို တွေ့သော်လည်း ကြောက်လန့်ခြင်းမရှိပေ။ ဖောက်ဝင်ရန် ရွေးချယ်ပြီးကတည်းက ကိုယ်ကို့ကိုယ် ပြင်ဆင်ထားကြသည်။ လေးသမားဆယ်တန်းရှိလျှင်တောင် သူတို့က မျက်ခုံးတွန့်မည် မဟုတ်ပေ။"Jun Yixie ငါတို့နောက်ဆုံးတွေ့တာ ကြာပြီမဟုတ်လား၊ ဒါပေမယ့် မင်းက ဒီလောက် သူရဲဘောကြောင်နေပြီလား။ အခု ဘာလဲ။ ဒီအဘိုးကြီးနဲ့ ရင်ဆိုင်ရမှာ ကြောက်နေပြီလား။" Gu Qishao မှ ကျယ်လောင်စွာ အော်လိုက်သည်။
ထိုအချိန်တွင် မြှားတစ်စင်းမှာ သူတို့၏ လမ်းသို့ ပျံသန်းလာသည်။ Gu Qishao မှာ ပြုံလိုက်ပြီး ခေါင်းကို တစ်ဖက်လှည့်လိုက်လျှင် လက်နက်မှာ ဘေးမှ ဖြတ်သန်းသွားတော့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...