အခန်း(၁၀၃၃)
အုပ်စိုးရှင်တစ်ယောက်ရဲ့ လမ်းကြောင်းက ရွေးချယ်မှုတွေနဲ့ တည်ဆောက်ထားတယ်။
Tang Li မှာ စောင့်ဆိုင်းနေသော်လည်း အချိန်အတော်ကြာအောင် အဖြေမရှိပေ။ သူက ထပ်မံ ခေါက်လိုက်သည်။
“မရီး၊ မင်းရှိနေတာ ငါသိတယ်။ အစ်ကိုကြီးကိုလည်း စိတ်မဆိုးပါနဲ့တော့။ ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးချင်တာ.. အရေးကြီးတဲ့ မေးခွန်းတစ်ခု။"
သူက အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း Han Yunxi မှာ တံခါးမဖွင့်ပဲ ပြန်ဖြေလာသည်။ “ နောက်ကျနေပြီ။ မနက်ဖြန်မှ ဘာမဆိုပြောလို့ရတယ်။"
"အခုမေးမှ ဖြစ်မယ်ဆိုရင် ဘယ်လိုလဲ။ မရီး တံခါးဖွင့်ပေးလို့ရလား။" Tang Li မှ မေးလိုက်သည်။
အကယ်၍ Han Yunxi မှာ ထွက်လာလျှင် Tang Li ၏ မူမမှန်မှုကို သေချာစွာ သတိပြုမိလိမ့်မည်။သူ၏ အမူအရာမှာ အုံ့မှိုင်းကာ ဝိဥာဥ် ဆုံးရှုံးနေဟန်တူသည်။ နောက်ထပ်တိတ်ဆိတ်သွားပြီးနောက် Han Yunxi မှာ ပိတ်ထားသည့်တံခါးနောက်မှ ပြောလိုက်သည်။ “မေး..”
Tang Li မှာ ချက်ချင်းပင် လေးနက်လာသည်။ "မရီး နွေဦးရာသီကုန်၊ နွေရာသီက မြောက်ဘက်ကို စစ်ရေးခရီး ဦးဆောင်ဖို့ အကောင်းဆုံးအချိန်လား။"
အတွင်းရှိလူမှာ အဖြေမပေးသောကြောင့် အံ့သြသွားပုံရသည်။
"မရီး အဲ့တာအမှန်လား။" Tang Li မှာ ခေါင်းမာနေသည်။
တိတ်ဆိတ်မှုကသာ သူ့အား နှုတ်ဆက်လာသည်။
Tang Li မှာ စကားမပြောသော်လည်း စောင့်ဆိုင်းရန် အပေါက်ဝတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။သဘာဝကျစွာပင် အတွင်းမှလူသည်လည်း ၎င်းအား သတိပြုမိလိုက်သည်။
"Tang Li … ပိုင်လီ စစ်တပ်ထဲက တစ်ယောက်ယောက်များ ရှင့်ကို လာတွေ့သွားလား။" Han Yunxi မှ မေးလိုက်သည်။
၎င်းမှာ Tang Li ၏ စိတ်ထဲမှ သံသယများအား ကင်းစင်သွားစေသည်။ နွေဦးပေါက် စစ်ရေးခရီးကို ပိုင်လီ စစ်တပ်က ကန့်ကွက်တာ မရီးကလည်း သိနေတယ်။ ဒီလိုမှမဟုတ်ရင် သူမ ငါ့ကိုဒီလိုမေးခွန်းမျိုး ဘယ်တော့မှ မေးမှာ မဟုတ်ဘူး။ အမှန်တွင် သူက အဖြေအား ခန့်မှန်းထားသည်မှာ ကြာပြီဖြစ်သော်လည်း အကြောင်းပြချက်တစ်ခုကြောင့် မေးခွန်း မေးရန် ခေါင်းမာနေခဲ့သည်။ သူ့ကိုယ်သူ ယုံကြည်စေရန် နောက်ဆုံးအကြောင်းပြချက်ကို ရှာနေပုံရသည်။ သူက တံခါးနှင့် ခေါင်းအား ကပ်ထားကာ စကားတစ်ခွန်းမှ မပြောပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...