အခန်း(၁၁၃၄)

266 29 6
                                    

အခန်း(၁၁၃၄)

မင်းကို ဒီတစ်ဘဝလုံး လွမ်းနေလိမ့်မယ်။








Tang Li မှာ နေရာတွင် အမြစ်တွယ်နေသကဲ့သို့ မတ်တပ်ရပ်နေပြီး သူ၏ မျက်နှာတွင် မီးတောက်များ၏ အလင်းဖြင့် ရောင်ပြန်ဟပ်နေကာ Su Xiaoyu ၏ငိုသံများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။

အစ်မနင်က တွင်းထဲ ပြုတ်ကျသွားတယ်… သူမ ပြုတ်ကျသွားတယ်...

သူက စိတ်တည်ငြိမ်စေရန် တစ်ကြိမ်ထပ် ကြိုးစားချင်သော်လည်း ထိုငိုသံများနှင့် ထိုနာမည်မှာ သူ၏ မျက်လုံးများ၊ နားများ၊ နှလုံးသားတွင် ထပ်ကျော့နေကာ ခေါင်းထဲတွင် နစ်မြုပ်နေဟန်တူသည်။

အစ်မနင်က ပြုတ်ကျသွားတယ်...

လူတိုင်းမှာ တွင်းထဲကို ကြည့်လိုက်လျှင် နက်ရှိုင်းကာ မီးတောက်များဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ထိုသို့ပြုတ်ကျသွားခြင်းမှ အသက်ရှင်ရန် မည်သူက မျှော်လင့်နိုင်မည်လဲ။ Han Yunxi ၏ မျက်လုံးများမှာ မီးနှင့် Tang Li ကြားတွင် တစ်လှည့်စီ ဖြစ်နေပြီး အမှန်တရားကို လက်ခံရန် ခက်ခဲနေသည်။သူမ၏စိတ်တွင်လည်း ဗလာဖြစ်နေပြီး၊ အဆိပ်ဖြေ စနစ်မှာပင် သူမထံ သတိပေးချက်များ ပေးနေခြင်းကို ရပ်တန့်သွားသည်။ သူမနှင့် အဆိပ်သင့်သူကြား အကွာအဝေးမှာ သူမ၏ ရောက်ရှိနိုင်မှု အကွာအဝေးထက် ကျော်လွန်သွားခြင်း ရှိ၊မရှိ၊ သို့မဟုတ် မီးတောက်များမှာ သူမကို ပြာအဖြစ် လောင်ကျွမ်းသွားခြင်း ရှိ၊မရှိ မရှင်းလင်းနိုင်ပေ။ သူမ မသိစိတ်မှာ Su Xiaoyu ၏ လက်ကို ဆုပ်ကိုင်ထားပြီး မိန်းကလေး၏ လက်ချောင်းများကို ကြိတ်ချေမိလုနီးနီးအထိ တင်းကျပ်စွာ ဆုပ်လိုက်သည်။ သို့သော် Su Xiaoyu မှာ “အစ်မနင်” ဟုသာ ထပ်တလဲလဲ ရေရွတ်ကာ ငိုရှိုက်ရင်း နာကျင်မှုကို မခံစားရပေ။

Gu Qishao နှင့် Gu Beiyue တို့မှာ မီးတောက်များကို စိုက်ကြည့်နေကြသည်။ ဓားစာခံများကို ကယ်တင်ရန် လွယ်ကူမည်မဟုတ်ကြောင်း သူတို့ သိသော်လည်း ဤသို့သော ရလဒ်ကို မည်သည့်အချိန်ကမှ မခန့်မှန်းထားကြပေ။

လူက သွားခဲ့ပြီ။

သူတို့၏ မျက်လုံးများမှ ပျောက်ကွယ်မသွားခင် သူမကို တစ်ချက်ပင် မမြင်လိုက်ရချေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now