အခန်း(၁၀၂၈)

219 29 0
                                    

အခန်း(၁၀၂၈)

သူ့ကို မရှာနဲ့တော့။







ဘာကြောင့်လဲ။

ဆေးမီးဖိုသခင်မှာ မထီမဲ့မြင်ဖြင့် နှာမှုတ်လိုက်သည်။ "မင်းက ဘာဆိုင်လို့ သိချင်ရတာလဲ။"

Han  Yunxi အတွက် စိုးရိမ်စရာ များစွာ ရှိနေသည်။ အကယ်၍ Gu Qishao ဖြင့် ပတ်သက်နေခြင်း မရှိလျှင် သူမက စိတ်ရှုပ်ခံကာ မေးနေမည် မဟုတ်ပေ။ ဒီအဘိုးကြီးနဲ့တော့ .. တကယ်လို့ သူက စကားတစ်ခွန်းမှ မပြောရင် ငါက ဘယ်လိုကူညီရမှာလဲ။

Han Yunxi မှာ ယခင်က ဆေးမီးဖိုသခင် နှင့် ရေးထားသော သဘောတူညီချက်အား ချက်ချင်းထုတ်ယူကာ ပြန်ပေးလိုက်သည်။ "ဒါကို ကျွန်မ ပြန်ပေးမယ်။ မူရင်းစာချုပ်မှာ တကယ်လို့ ရှင့်ရဲ့တပည့်ကို သုံးနှစ်အတွင်းမှာ တွေ့ရင် ဆေးတောင်းဆိုမှုဂူက ရှိသမျှအကုန်ရမယ်လို့ ပြောထားတယ်။ ပထမဆုံးအနေနဲ့၊ ငွေမပေးပဲ ရှင့်ရဲ့ဂူထဲကနေ ကျွန်မဘာမှ မရထားဘူး။ နောက်တစ်ချက် ကျွန်မတို့ရဲ့ သဘောတူညီချက်က သုံးနှစ်မလို့ အချိန်မပြည့်သေးဘူး။ ကျွန်မ အခု စကား ပြန်ပြင်ပြောနေတယ်လို့ ရှင်က ပြောချင်နေရင်တော့ နည်းနည်းစောသေးတယ်။"

ဆေးမီးဖိုသခင်မှာ မည်သို့ တုံ့ပြန်ရမည်ကို အာရုံများနေစဥ် Han  Yunxi မှာ ရှေ့သို့ ခြေတစ်လှမ်းတိုးလျှင် သူက နောက်ပြန်ဆုတ်သွားရတော့သည်။ သူမက ဆက်ပြောလိုက်သည်။ “ကျွန်မက သူ့ကို တကယ်မရှာလို့ ကတိဖျက်တယ်လို့ ရှင်ပြောနေတယ်။ ဒါပေမယ့် ရှင့်တပည့်နဲ့ပတ်သက်တဲ့ ကျွန်မမေးခွန်းတွေကို ရှင် တစ်ခါမှ မဖြေဖူးဘူး၊ ဒါကြောင့် ရှင် သူ့ကို တကယ်ရှာချင်လားဆိုတာ ကျွန်မ ပြောလို့ မရဘူး။ ရှင်က ဆေးတောင်းဆိုမှု ဂူကိုလည်း ကျွန်မဆီ ပေးချင်စိတ် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ရှင်ဘယ်သူ့ကိုလိမ်ဖို့ကြိုးစားနေတာလဲ။"

“ငါ၊ ငါ…” ဆေးမီးဖိုသခင်မှာ ကြိမ်ဖန်များစွာ ရေရွတ်နေ သော်လည်း သူ၏ စကားအား အပြီးမသတ်နိုင်ပေ။Han Yunxi ၏ ပေါက်ကွဲသံအား သံကြားရပြီးနောက်တွင် သူမ၏ စကားများမှာ အဓိပ္ပာယ်ရှိနေသလို ခံစားနေရသည်။ 

Han Yunxi မှာ အခြားသူများအပေါ် အမြဲတစေ ရှုတ်ချနေခြင်း မပြုတတ်သော်လည်း သူမ ပြုလာချိန်တွင် ကရုဏာမရှိပေ။ “ဆေးလုံးဆရာကြီး၊ ရှင် အသက်ရှင်နေတာ ကြာပြီ။ ပွင့်လင်းတယ်ဆိုတာ ဘာကိုဆိုလိုသလဲ မသိဘူးလား။ တကယ်လို့ ကျွန်မက စကား ဖျက်မိလို့ ရှင်က စိတ်မချမ်းသာရင် ကျွန်မကို ပြောရုံပဲ။ အဲ့ဒီအစား ရှင်ဘာလို့  ကျွန်မတို့ကို ပြသနာတွေပေးရတာလဲ။ ဟဲဟဲ၊ ရှင်က မယုံကြည်ရတောင် ကျွန်မက မျက်နှာသာ ပေးနေတယ်။ရှင်က ဒါကိုတောင် မသိဘူးဆိုတော့ ကျွန်မ ရှင်းရှင်းပြောပဲမယ် ရှင်က သဘောထားသေးသိမ်တဲ့ လူဆိုးတစ်ယောက်ထက် ဘာမှ မပိုဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now