အခန်း(၁၀၅၇)
ကောင်းကင်ယံတောင်ကို ဖျက်ဆီးချင်နေတာလား။
Han Yunxi တို့အဖွဲ့မှာ ကောင်းကင်ယံတောင်တန်းနှင့် မိစ္ဆာ ဓားဂိုဏ်းများအကြောင်း သတင်းများ ရှာဖွေရင်း Gu Beiyue မှ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ ရန်သူအများစုမှာ ခြိမ်းခြောက်မှုအဖြစ် မယူဆနိုင်ပေ။ Bai Yanqing မှ တောင်ပေါ်၌ ရှိနေသလားဆိုခြင်းအား စစ်ဆေးရန်သာ သူတို့က ပို၍ စိုးရိမ်နေကြသည်။
“ကျွန်တော်က မိစ္ဆာဓားဂိုဏ်းခေါင်းဆောင်ကို တစ်ကြိမ်ပဲ မြင်ဖူးပြီး အဲ့တာကလည်း သူက မျက်နှာကို ဝှက်ထားတဲ့အချိန် အဝေးက ပါပဲ။ ဒါကြောင့် သူ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။”Chu Xifeng မှာ ပြန်စဥ်းစားကာ ပြောလိုက်သည်။ "သူက ငါးဆယ်ကျော်နေသင့်ပြီ။"
"သူ ဒီတောင်ပေါ်မှာ တစ်ချိန်လုံးရှိနေတာလား။" Han Yunxi မှ မေးလိုက်သည်။
Chu Xifeng မှာ မသေချာနိုင်ပေ။ "သူတို့က တောင်ထိပ်ကို တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ သူ့ကို တစ်ခါမှ မတွေ့ရတော့ပါဘူး။"
Long Feiye မှာ Gu Qishao ထံ အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ "ဒီည မင်း စောင့်ကြည့်နေ။ ငါ ရှေ့က လမ်းကြောင်းကို အရင်သွားကြည့်မယ်။"
Chu Xifeng ၏ အသိပညာမှာ အကန့်အသတ်ရှိနေသော်လည်း ယခုအချိန်တွင် အကြမ်းဖျင်း မှန်းဆချက်များမှာ ကိုယ်တိုင် ကြည့်ရှုရန် တောင်ပေါ်သို့တက်သွားခြင်းနှင့် နှိုင်းယှဉ်၍မရပေ။
" မင်း စောင့်နေပြီး ငါသွားလိုက်မယ်။" Gu Qishao မှ ပြောလိုက်သည်။ အတိတ်တွင် သူက Long Feiye ၏ အစောင့်တစ်ယောက်အနေဖြင့် လုပ်ပေးမည်ဟု ပြောခဲ့သော်လည်း ထိုအမျိုးသား၏ အမိန့်ကို တစ်ကြိမ်မှ နားမထောင်သေးချေ။
"မင်းအရင်က ကောင်းကင်ယံတောင်ကို ရောက်ဖူးလို့လား။" Long Feiye မှ ပြန်ပြောလိုက်သည် ။
Gu Qishao မှာ ချက်ချင်းပင် စကားမပြောနိုင်တော့ပဲ ဝန်လေးစွာ ပြောလိုက်သည်။ "ဒါဆို မြန်မြန်သွား၊ ငါစောင့်နေမယ်။"
Gu Qishao မှာ ထက်မြက်သည့်တိုင် သူကဲ့သို့ သွားလိုသော Han Yunxi ကဲ့သို့ အကင်းမပါးပေ။သို့သော် Long Feiye ထွက်ခွာသွားသည့် ညနက်ချိန်အထိ သူမက တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူမက နောက်မှ ခိုးလိုက်သွားရန် ကြိုးစားလိုက်သော်လည်း ဝင်ပေါက်တွင် Gu Qishao ထံမှ ပိတ်ဆို့ခံလိုက်ရလေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...