အခန်း(၁၁၄၂)
ပိုင်ယန်ချင်း၏ ထေ့ငေါ့မှု။
အကယ်၍ စကားလုံးမဲ့ကျောက်ပြားများမှ ဘာကိုမျှ ထုတ်ဖော်မပြလျှင်တောင်၊ အပေါ်မှကျနေသော အစွယ်များမှာ ၎င်းသည် နှင်းဝံပုလွေများ၏ သင်္ချိုင်းမြေဖြစ်ကြောင်း သက်သေပြနေသည်။ ၎င်းတို့၏အစွယ်များမှာ ပုံမှန်ဝံပုလွေများထက် ပိုမိုကြီးမား ချွန်ထက်သည့်အပြင် ပြင်းထန်သောအဆိပ်များဖြင့် ပြည့်နေသည်။
Bai Yanqing မှာ တစ်ချိန်က အဆိပ်ဂိုဏ်း၏ ယဇ်ပလ္လင်တစ်ဝိုက်ရှိ မြေကြီးကို တူးဖော်ခဲ့ပြီး နှင်းဝံပုလွေများ၏ အရိုးများကို ရှာတွေနိုင်ရန် မျှော်လင့်ခဲ့သည်။ ထိုသတ္တဝါများမှာ မသေနိုင်သော ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့၏ အရိုးစုများသည်လည်း ပကတိရတနာများပင်။ ကံမကောင်းစွာဖြင့် သူက သုံးပေရောက်သွားလျှင်တောင် မည်သည့်အရာမှ ရှာမတွေ့ခဲ့ပဲ လက်လျော့ခဲ့ရသည်။
ရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် Bai Yanqing မှာ သွေးဝံပုလွေမျိုးနွယ်မှ မြေအောက်နန်းတော်၏ အနက်ရှိုင်းဆုံးအပိုင်းအောက်တွင် ဤနယ်ပယ်ကို ချိတ်ပိတ်ထားမှန်း နားလည်လိုက်သည်။ ထို့အပြင်၊ သူတို့က ၎င်း၏ဝင်ပေါက်ကို ယဇ်ပလ္လင်အစား ကြည်လင်လေညှင်းတောင်ထိပ်တွင် သတ်မှတ်ခဲ့သည်။ အဆိပ်ဂိုဏ်း၏ တိုက်ရိုက်သွေးသားဆက်ခံသူများမှာ ယဇ်ပလ္လင်အတွင်းမှ နယ်ပယ်ကို ချိတ်ပိတ်ထားခြင်း ဖယ်ရှားနိုင်သည်။ ဆိုလိုသည်မှာ သူတို့က အခြားနေရာများထံ ဝင်ရောက်ခွင့်ရသည်ဟုလည်း ဆိုလိုသည်။ သူ၏ သွေးကြောင့်သာ ဤနေရာသို့ ဝင်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်၊ နှင်းဝံပုလွေများ၏ သင်္ချိုင်းမြေမှာ ကြည်လင်လေညှင်းတောင်ထိပ် ၏ မြေအောက်နန်းတော်တွင်ပင်။
နောက်ဆုံးတွင်၊ ထိုသို့သော နယ်မြေ ချိတ်ပိတ်သည့် အတတ်ပညာများမှာ တိမ်တိုက်ကုန်းမြေကြီး ၏ ထူးခြားမှုမဟုတ်ပဲ ဆောင်းကျီးမျိုးနွယ် မြောက်ဘက်တွင် အစပြုကာ ရေခဲပင်လယ်ကို ကျော်လွန်၍ ကြီးမားသောတိုက်ကြီးတွင် တည်ရှိသည်။ အကယ်၍ ချိတ်ပိတ်ခြင်း ဆရာကို တွေ့ရှိနိုင်လျှင် သူ သို့မဟုတ် သူမသည် မည်သည့်သွေးကိုမျှ အသုံးမပြုပဲ နယ်မြေအတွင်း ဝင်ရောက်နိုင်လိမ့်မည်။ ထို့ကြောင့် ဝင်္ကပါအောက်တွင် ကွယ်ဝှက်ထားခြင်းမှ ပို၍ လုံခြုံလေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...