အခန်း(၁၀၄၂)
နောက်ဆုံးတော့ အဲဒီလောက် မရိုးရှင်းဘူး။
Han Yunxi မှာ အဒေါ် ရူဘက်သို့ လှမ်းကြည့်လိုက်ရာ လွတ်နေသော မီးစမ်းသို့ မှင်သက်ကာ အံသြတကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။ Han Yunxi မှာ တွင်းထဲမှ ထွက်လာသည်အထိ သူမက တုံ့ပြန်နိုင်ခြင်းမရှိပဲ သူမ၏အကြည့်များမှာ မယုံနိုင်စွာ ပြောင်းလဲသွားသည်။
ဒီကောင်မစုတ်လေး သူမ ဘာလုပ်လိုက်တာလဲ။ မီးစမ်းတစ်ခုလုံး ဘာကြောင့် ပျောက်သွားတာလဲ။ ပြီးတော့ သူမ ဒီကို ပျံတက်လာခဲ့တာလား။ သူမက ကိုယ်ခံပညာ မလေ့လာနိုင်တဲ့ အချည်းအနှီး မဟုတ်ဘူးလား။
Han Yunxi မှာ
အဒေါ်ရူအား ကဲ့ရဲ့သောအကြည့်ဖြင့် ကြည့်ပေးရန် ရပ်လိုက်သည်။ ဤကဲ့သို့သော နည်းပရိယာယ်များမှာ ငြီးငွေ့ဖွယ်ကောင်းသော်လည်း သူမက Tsudere လေးဖြစ်ပြီး အဒေါ်ရူအား နှိပ်စက်နိုင်ဆဲပင်။"ကျန်တာတွေက ရှင်တို့အပေါ် မူတည်သွားပြီ။" Han Yunxi မှာ လက်ပိုက်ကာ တည့်ငြိမ်စွာဖြင့် နောက်ဆုတ်လိုက်သည်။
Gu Qishao မှာ မော့ရှဲ့ ဓားဝိဥာဥ်အား ခေါ်လိုက်စဉ် Long Feiye မှာ သူ၏ နက်ရှိုင်းသော ရေခဲဓားအား ထုတ်လိုက်သည်။ နှစ်ယောက်မှ မြေပြင်ကို တူးရန်မှာ လွယ်ကူသော အလုပ်ပင်။ သူတို့ကို မြင်လျှင် အဒေါ်ရူမှာ လျင်မြန်စွာ ဖယ်လိုက်သည်။ တွန့်ဆုတ်နေသော်လည်း သူမက Han Yunxi ထံ ချဉ်းကပ်ကာ မေးလိုက်ဆဲပင်။ “မင်းသမီး… မီးစမ်းရေက ဘယ်လို ပျောက်သွားတာလဲ။”
Han Yunxi မှာ စကားတစ်ခွန်းမှ မပြောပဲ ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေသည်။
အဒေါ်ရူမှာ အနေခက်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း ထပ်မံ ကြိုးစားရန် အသံအား မြှင့်လိုက်သည်။ "မင်းသမီး.. မီးစမ်း ထဲက ရေတွေ ဘယ်လိုပျောက်ကွယ်သွားတာလဲ။ အကုန်လုံးက အဆိပ်ပြင်းတယ်။”
ဖြည်းညင်းစွာ၊ Han Yunxi မှာ သူမထံ မျက်နှာမူကာ ပြောလိုက်သည်။.“ကျွန်မလည်း မသိဘူး”
Han Yunxi မှာ အဒေါ်ရူအား ပြောပြချင်စိတ် မရှိမှန်း အရူးတစ်ယောက်ပင် ပြောနိုင်သည်။ သူမနှင့် စကားများ ပို၍ မဖြုန်းတီး ချင်ပေ။ သူမက တစ်ဖက်သို့ လျှောက်သွားရင်း ရှက်ရွံ့စွာ အရှက်ခွဲခံရသကဲ့သို့ ကျန်ရစ်ခဲ့သည်။ ငါ ဒီလို ယုတ်မာတဲ့လူကို မဖိတ်သင့်ဘူး။ သို့သော် သူမက အမှန်တကယ် စူးစမ်းချင်စိတ်ပြင်းပြနေပြီး ဘေးနားရှိ Tang Li ဆီသို့ လှမ်းကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် သူက သတိမထားမိသလို ဟန်ဆောင်ကာ လှည့်ထွက်သွားလေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...