အခန်း(၁၁၁၀)
ရက်စက်ပေမယ့် တစ်ခုတည်းသော နည်းလမ်းပဲ။
Han Yunxi မှာ သူမ၏ဗိုက်ကို ပွတ်သပ်နေခြင်း ရပ်တန့်လိုက်သည်။ ယခု သူမတွင် စတင်ချိန်ကတည်းက Long Feiye မှ လိုချင်တောင့်တခဲ့သော မျိုးစေ့ကို သယ်ဆောင်နိုင်ပြီ ဖြစ်သည်။ သူမကလည်း ရင်သွေး လိုချင်ခဲ့သည့် မဟုတ်လား။ ယခု ကလေးငယ်မှာ ရောက်နေပြီဖြစ်သော်လည်း Long Feiye ထံ သတင်းကောင်းကို ပြောပြရန် နည်းလမ်းမရှိပေ။ သူ သိသွားလျှင် ဘယ်လောက်ပျော်နေမည်မှန်း သူမ တွေးကြည့်၍ မရပေ။
ထိုနေ့တွင် Bai Yanqing မှာ သူမကို သတိလစ်စေပြီးနောက် ဤမှောင်မိုက်နေသော အခန်းကျဉ်းလေးထဲတွင် နိုးလာသည်။ သူမ သတိလစ်နေသည်မှာ အချိန်မည်မျှကြာသည်မသိရပဲ နေ့နှင့်ည ကွာခြားမှုအား သိရန်မှာ နည်းပါးလှသည်။ Bai Yanqing မှာ သူမကို ကြောက်ရွံ့နေနိုင်တာကြောင့် သူ လုပ်သမျှမှာ သူမထံ ထမင်းသုံးနပ် ပို့ပေးခြင်းပင်။ ဖြစ်နိုင်လျှင် သူမက သူ့ထံမှ အချက်အလက် တစ်စုံတစ်ရာ မရစေရန် စကားပြောခြင်း မပြုပဲ ရှောင်နေသည်။ သူမက အဆိပ်ဖြေစနစ် ၏ စွမ်းအားအားလုံးကို အသုံးပြုခဲ့လျှင် သူ၏ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော အဆိပ်အတောက်များ ရှိနေသည်ကို တွေ့ရှိခဲ့သည်။သူမ သေချာသိနိုင်သည်မှာ Bai Yanqing သည် အဆိပ်ဂိုဏ်းတားမြစ်နယ်မြေရှိ အဆိပ်သိုလှောင်ရုံတွင် သူမအား ပိတ်လှောင်ထားခြင်းဖြစ်နိုင်သည်။ သိုလှောင်ရုံမှာ ဘယ်မှာရှိသည်မှန်းတော့ သူမ မသိနိုင်ပေ။Long Feiye အတွက် အသုံးမဝင်ပဲ ပူပန်ရင်း သူမ၏ အမှောင်နေ့ရက်များ ကုန်ဆုံးနေခဲ့သည်။ ဤသည်မှာ သူမဘဝ၏ စိတ်ပျက်စရာအကောင်းဆုံး အခိုက်အတန့်ဖြစ်နိုင်သည်။
ဗိုက်နာခြင်းနှင့် ဓမ္မတာပျက်ခြင်းတို့ ဖြစ်လာသည့်အချိန်မှသာ သူမတွင် ကိုယ်ဝန်ရှိ နေနိုင်သည်ကို သိလိုက်ရသည်။ ကိုယ်ဝန်၏ အစပိုင်းအဆင့်များတွင် နာကျင်ကိုက်ခဲမှုများနှင့် ဓမ္မတာကိစ္စများ အနည်းငယ် ရှိတတ်သည်။ သူမက နည်းပညာပိုင်းအရ ဆရာဝန်တစ်ဦးဖြစ်သော်လည်း သားဖွားမီးယပ်ပညာကို မသင်ယူခဲ့ရသဖြင့် ကိုယ်ဝန်အကြောင်းကို အနည်းငယ်သာ သိရှိခဲ့သည်။ သုံးလမ်းသွားမှောင်ခိုဈေး တွင် Ning Jing နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီးနောက်တွင်သာ သူမ များစွာ သိခဲ့ရသည်။ကိုယ်ဝန်ဆောင်ချိန် သွေးခုန်နှုန်းမှာ အလွန်ဖျော့တော့ပြီး လူတစ်ဦးစီတွင် ကွဲပြားသည်။ အချို့သူများသည် ရက်၃၀ အစောပိုင်းတွင် လက္ခဏာများပြသနိုင်ပြီး အချို့မှာ အရိပ်အမြွက်ပြရန် ရက် ၄၀- ၅၀ လိုအပ်သည်။ သွေးခုန်နှုန်းကို စစ်ဆေးသောအခါတွင် သူမ၏ကလေးသည် မည်မျှကြီးထွားလာသည်ကို မသိနိုင်ပဲ ကိုယ်ဝန်ရှိသည်မှာ လပေါင်းမည်မျှကြာနေပြီကိုလည်း မသိခဲ့ပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...