အခန်း(၁၁၁၄)
သူမအတွက် ချန်ထားပေးလိုက်။
နောက်ဆုံးတော့ သူတို့က Long Feiye ကိုတွေ့လိုက်ရတယ်။
Long Feiye မှာ ဆေးတောင်းဆိုမှုဂူသို့ မရောက်မီ Tang Li မှာ ဆေးခင်းထဲသို့ ပြေးသွားကာ အော်ဟစ်ရင်း လက်ဝှေ့ယမ်းနေသည်။ "အစ်ကိုကြီး… ဒီမှာ၊ ဒီမှာ…”
Tang Li မှာ စိတ်လှုပ်ရှားစွာဖြင့် အနားတွင်ရှိနေသော်လည်း Long Feiye မှာ သူ့အား မြင်းပေါ်မှဖြတ်သွားကာ ဖုန်မှုန့်ထဲတွင် ထားခဲ့လေသည်။ Gu Beiyue မှာ ဂူအဝင်ဝတွင် ရပ်နေပြီး Gu Qishao မှာ ၎င်း၏ဝင်ပေါက်ကို လုံးလုံးလျားလျား ပိတ်ဆို့ထားကာ လက်နှစ်ဖက်မှာ ရင်ဘတ်တွင် ပိုက်ထားလေသည်။ Long Feiye မှာ မြင်းပေါ်မှ ဆင်းလာသည်နှင့် Gu Qishao ကို ဘေးသို့ တွန်းထုတ်ရန် လက် ဆန့်တန်းလိုက်သည်။ Gu Qishao မှာ သူ၏လက်ကို ရိုးရှင်းစွာ ဖမ်းကိုင်လိုက်သော်လည်း Long Feiye မှာ ရိုက်ထုတ်ကာ ဂူထဲသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် လျှောက်သွားလေသည်။
Gu Qishao နှင့် Gu Beiyue နှစ်ဦးစလုံးမှာ စကားတစ်ခွန်းမှ မဆိုတော့ပဲ အကြည့်ချင်း ဖလှယ်ကာ သူ၏ နောက်သို့ အလျင်အမြန်လိုက်သွားကြသည်။ Tang Li မှာ နောက်ဆုံးဝင်ရောက်လာသူဖြစ်ပြီး အနီးကပ် လိုက်လာသည်။ ဆေးမီးဖိုသခင်မှာ ဆေးတောင်းဆိုမှုဂူရှိ ခလုတ်များနှင့် ထောင်ချောက်များအားလုံးကို ကာလအတန်ကြာကပင် ပိတ်ထားခဲ့ပြီး လေးယောက်အား အား ဆေးသန့်စင်ရေးလှိုဏ်ဂူသို့ လျင်မြန်စွာ ရောက်ရှိလာစေသည်။ Long Feiye သည် ထိုနေရာတွင် အမူအရာကင်းမဲ့စွာ ရပ်နေချိန်တွင် ကျန်အမျိုးသားသုံးယောက်မှာ အံ့အားသင့်နေကြသည်။
ဆေးသန့်စင်သောဂူအတွင်းတွင် လူသုံးဦးရှိနေသည်။ ဆေးမီးဖိုသခင်၊ Ye Xiao နှင့် ပိုင်ရှင်အမျိုးသမီးပင်။ အမျိုးသမီးမှာ သူမ၏ လက်ထဲရှိ အရိုးတစ်ချောင်းကို ဆော့နေရင်း တစ်ဖက်တွင် ငြိမ်သက်စွာ ထိုင်နေကာ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှာ လုံးဝ နစ်မြှုပ်နေသည်။သူမ၏ ပတ်ဝန်းကျင် သို့မဟုတ် သူမ၏ အနီးရှိလူများကို သတိမထားမိပေ။ ဆေးမီးဖိုသခင်နှင့် Ye Xiao တို့မှာ ကောင်းကင်မီးချန်မီးဖို ၏ထိပ်တွင် လက်ဗလာဖြင့် မတ်တပ်ရပ်နေကြပြီး ချွေးများ တစ်ကိုယ်လုံး ရွှဲစိုနေသည်။ မီးဖိုတွင်းရှိ မီးတောက်များကြောင့် နှစ်ဦး၏ မျက်နှာများမှာလည်း နီရဲနေသည်။ ဆေးမီးဖိုသခင်မှာ သူ၏အတွင်းအားကို အသုံးပြု၍ ရတနာဓားကို သွန်းနိုင်ရန် ကောင်းကင်မီးချန်မီးဖိုတွင်းရှိ ပစ္စည်းများ အားလုံးကို ရှင်းလင်းထားကာ အဆင့်တိုင်းအား ဖွင့်ထားသဖြင့် သူ၏တာဝန်ကို အမှန်တကယ်အလေးထားနေခဲ့သည်။ မီးဖိုတွင်းရှိ သေးငယ်သော အပေါက်ငယ်ပေါင်းများစွာမှာ သခင်ဖြစ်သူ၏ ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေသလို့ အတွင်းထဲမှာ တောက်ပနေသည့် ဓားတစ်လက်ကို ပြသနေသည်။ မြင်ရသူတိုင်းအား သဘောကျနှစ်သက်စေသည်။ ၎င်းမှာ တကယ်ကို ဆန်းကြယ်သော လက်နက်တစ်ခုင်။ တူညီစွာ လျှို့ဝှက်ဆန်းကြယ်သော ကိရိယာတစ်ခုကသာ ရှေးဟောင်း မော့ရှဲ့ ဓားဝိဥာဉ်ကို ထိန်းထားနိုင်မည့် ထိုဓားကို အချိန်တိုအတွင်း ဖန်တီးနိုင်လိမ့်မည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...