အခန်း(၁၁၇၀)

263 25 0
                                    

အခန်း(၁၁၇၀)

လူကြီးမင်း၏ နည်းလမ်းများ။






Long Feiye နှင့် Gu Beiyue မှာ တံခါးဝတွင် ရောက်နေပြီဖြစ်သော်လည်း Han  Yunxi နှင့် အသေးလေးတို့မှာ တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေကြရင်း သတိမပြုမိကြပေ။ Han Yunxi မှာ ရုတ်တရက် မတ်မတ် ရပ်လိုက်ပြီး ရှဉ့်ထံ လက်ညိုးထိုးပြလိုက်သည်။

"ကောင်းပြီ.. ကောင်းပြီ.. အသေးလေး မင်းမှားတယ်မထင်ဘူး မဟုတ်လား။"

အသေးလေးမှာ မေမေယွင်ရှီးမှ ဘာပြောနေသည်ကို နားမလည်သော်လည်း စတုတ္ထသခင်မလေးရမ် ကို အနိုင်ကျင့်မှုအတွက် အပြစ်တင်နေကြောင်း အနည်းနှင့်အများ မှန်းဆနိုင်သည်။ သူက သူမကို နည်းနည်းလေးမှ မထိမိခဲ့ပေ။ အများဆုံးမှာ ကောင်မလေးကို ခြောက်လှန့်ရန် ကြိုးစားခဲ့ခြင်းပင်။အခြားအရာအတွက် မေမေယွင်ရှီးအား သူက အလျော့ပေးနိုင်သော်လည်း ဤကိစ္စတော့ မပါပေ။ သူက စတုတ္ထသခင်မလေးရမ် ကို သဘောမကျကြောင်း မေမေယွင်ရှီးကို သိစေချင်သည်။ သူမကို လူကြီးမင်းအကြောင်း စိတ်ကူးမယဉ် စေချင်ပေ။

အသေးလေးမှာ လက်သည်းများကို စားပွဲပေါ်တင်လိုက်ပြီးနောက် ရှေ့သို့တိုးကာ Han  Yunxi ထံ အော်ဟစ်လိုက်သည်။

"ကောင်းတယ်… ငါတို့ပြန်တွေ့တော့ မင်းက အရမ်းရဲရင့်သွားပြီ။ ပုန်ကန်နေတယ်ပေါ့။" Han Yunxi မှာ တောင်းဆိုလိုက်သည်။

“ချီ…!” အသေးလေးမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ မင်းအမှားကို ဝန်ခံ။ မင်း ဝန်ခံမှာလား ဝန်မခံဘူးလား။" Han Yunxi မှာ မေးလိုက်သည်။ “မဟုတ်ရင် အကျိုးဆက်တွေက ပြင်းထန်လိမ့်မယ်။”

အသေးလေးမှာ မေမေယွင်ရှီး၏ လေသံတွင် သတိပေးသံကိုကြားနိုင်သော်လည်းအသေးစိတ်အချက်အလက်များကို နားမလည်ပေ။ သူမထံ သံသယများဖြင့် ကြည့်ရင်း နောက်ခြေထောက်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ ၎င်းကိုမြင်လျှင် Han  Yunxi မှာလည်း သံသယဝင်လာတော့သည်။ ငါ့ရဲ့ ခြိမ်းခြောက်မှုကို သိတာလား မသိတာလား။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now