အခန်း(၁၀၀၆)

337 36 8
                                    

အခန်း(၁၀၀၆)

ပြန်သွားဖို့ အချိန်မကျသေးဘူး။







ကျင့်ကြံမှုအပြီးတွင်၊ Long  Feiye မှ တံခါးရန်ဖွင့်သွားလိုက်လျှင် Ye Xiao မှ တားဆီးလိုက်သည်။ သူက နောက်ပြန်ဆုတ်သွားပြီး အလွန်လေးနက်စွာ အရိုအသေပေးလိုက်သည်။ “အရှင့်သား အိမ်ရှေ့စံ၊  Ye Xiao က ဒီကြင်နာမှုကို သတိရနေမှာပါ။ အနာဂတ်မှာ လိုအပ်ရင် Ye Xiao ခေါ်တဲ့အခါ လာခဲ့ပါ့မယ်။”

“ဒါက အလဲအလှယ် တစ်ခုပဲ။ မင်းရဲ့လျှို့ဝှက်ချက်ကိုသာ ကောင်းကောင်းစောင့်ထိန်းပါ။” လို့ Long Feiye မှာ အေးစက်စွာပြောလိုက်သည်။

“အရှင့်သား အိမ်ရှေ့စံ၊ ဒီလူက မင်းသမီးရဲ့ စေတနာကို နားလည်တယ်။ အိမ်ရှေ့စံက မင်းသမီးကိုယ်စား အရိုအသေပေးတာ လက်ခံပေးပါ။" Ye Xiao မှာ နောက်တစ်ကြိမ် အရိုအသေမပေးမီ ပြောလိုက်သည်။

အမှန်တွင် Han Yunxi မှာ  သူ၏ လက်အား ကာကွယ်ရန် သဘောတူညီချက်များ လုပ်ဆောင်မည့်အစား သူက လျှို့ဝှက်ထားစေရန် သေချာအောင် နည်းလမ်း အများအပြား ရှိနေသည်။ လွန်ခဲ့သည့်သုံးရက်အတွင်း Long Feiye မှာ သူ၏အတွင်းဒဏ်ရာများအား ကုသပေးရုံသာမက ကြီးမားသောဒုက္ခအား ဖြတ်ကျော်ရန် နက်ရှိုင်းသောရေခဲဓားအား အသုံးပြုခဲ့သည်။ ယခုအချိန်တွင်၊ သူက မိစ္ဆာ ဓားနှလုံးသား ကျ့င်စဥ်၏ အဋ္ဌမအဆင့်အထိ ကျင့်ကြံနိုင်ပြီဖြစ်သည်။သူ၏ ကိုယ်ပိုင် ရတနာဓားမရှိပဲ ရှေ့ဆက်တက်ရန် မဖြစ်နိုင်သော်လည်း အဋ္ဌမအဆင့်မှာ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် သေချာနေပြီဖြစ်သည်။ သူ၏ အရည်အချင်းမှာ အဆင့်မြင့်ဓားပညာရှင်များထက် များစွာသာလွန်သည်။

သူ့အား ကူညီရန် Long Feiye ကဲ့သို့ ဆရာတစ်ယောက် မရှိလျှင် မော့ရှဲ့ဓားဝိဥာဉ်အား ရရှိပြီးနောက် သူ၏ လက်အားသာ ထိန်းထားနိုင်လိမ့်မည်။ အဋ္ဌမအဆင့်သို့ ကျော်ဖြတ်နိုင်ရန် နောက်ထပ်  တစ်နှစ်မှ နှစ်နှစ်လောက် အချိန်ယူရလိမ့်မည်။ ဤကျေးဇူးမှာ သူ၏ ကျေးဇူးရှင်များအတွက် လျှို့ဝှက်ထားရန် ထက်သာလွန်သည်။ Han Yunxi  မှာ သူ့အား အလွန်စိတ်မသက်မသာဖြစ်ခြင်းမှာ ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် အပေးအယူလုပ်ရန် အကြောင်းပြချက်အား အသုံးပြုခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now