အခန်း(၁၁၆၅)

280 24 0
                                    

အခန်း(၁၁၆၅)

ယောက္ခထီးနှင့် သမက်။ မွေးရာပါ အကျိုးစီးပွား။








သူမ၏ အေးခဲပြီး စိတ်လှုပ်ရှားမှုမရှိသော ဖခင်အရင်းကို ခြိမ်းခြောက်ရန် Han  Yunxi ၏ အကြံအစည်ကို ကြားလိုက်ရသည့်အတွက် အားလုံးမှာ စိုးရိမ်သွားကြတော့သည်။ Long Feiye မှာ သူမ၏ဗိုက်ကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။ " မင်းက တောင်ပေါ်မှာ တစ်ချိန်လုံး ပြေးလွှားမနေသင့်ဘူး။ကိုယ် သူနဲ့ကိုယ်တိုင်စကားပြောလိုက်မယ်။ ကိုယ် သူ့ကို စည်းရုံးနိုင်တယ်။"

အားလုံးမှာ စူးစမ်းချင်စိတ် ပြင်းပြလာချိန်တွင် Han  Yunxi  မှ ပွင့်လင်းစွာ မေးလိုက်သည်။ “ရှင် သူ့ကို ဘယ်လို စည်းရုံးမှာလဲ။”

"အပေးအယူ လုပ်ပြီးတော့… " Long Feiye မှာ ကြေညာလိုက်သည်။

"ဘာကိစ္စလဲ။ ငါ မင်းနဲ့လိုက်ခဲ့မယ်။" Gu Qishao မှာ ခပ်မြန်မြန်ပြောလိုက်သည်။

"မလိုဘူး။ ငါ့ဆီက သတင်းကိုစောင့်နေ…" ရှင်းလင်းချက်တစ်ခွန်းမှမပေးပဲ Long Feiye မှာ Han  Yunxi  အား ငြိမ်ငြိမ်နေရန် အကြည့်ဖြင့် သတိပေးလိုက်သည်။ ဘယ်လိုအခြေအနေမျိုးမှာမဆို သူမက တောင်ပေါ်ကို တက်လာရန် ခွင့်မပြုပေ။

သူ၏ ဒေါသကိုသိနေသည့် Han  Yunxi  မှာ အကူအညီမဲ့စွာသာ ပြောနိုင်သည်။ “ကောင်းပြီ၊ တစ်ချိန်တည်း ယုအာလေးကို ကူညီစစ်ဆေးပေးပါဦး။တကယ်လို့ ဆရာမယူရင် မြန်မြန်ပြန်လာဖို့ ပြောပေး…”

Long Feiye မှ ထွက်သွားပြီးနောက် Han Yunxi မှာ အနားယူခြင်းမပြုပဲ Gu Beiyue နှင့် ဆေးစာရင်းများကို စတင်ဆွေးနွေးလိုက်သည်။ နှစ်ယောက်မှာ အရောင်းအ၀ယ်ပြုလုပ်သော ဆေးဝါးပညာရှင်များမဟုတ်ကြသောကြောင့် ပါဝင်ပစ္စည်းများကို ဝယ်ယူနိုင်ပြီး ရှားပါးသော သို့မဟုတ် မဝယ်နိုင်သောပစ္စည်းများကို အခြားသူများကိုသာ ခြေရာခံစေနိုင်သည်။

"ချီရှောက် ရှင်က တစ်ခြားအသားစားအပင်တွေကို သိသေးလား။ အဲဒါတွေအားလုံးကို စမ်းသပ်ကြည့်ရအောင်။” Han Yunxi မှာ ပြောလိုက်သည်။

အဆိပ်ကောင်မလေး၏ မျက်လုံးများမှာ လေးနက်စွာ တောက်ပနေသည် မြင်လိုက်ရလျှင် Gu Qishao မှာ မှောင်မဲနေသော ဥမင်လှိုဏ်ခေါင်းမှ နေရောင်ထဲသို့ ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ အဆိပ်ကောင်မလေးမှာ သူ့အတွက် တစ်ကြိမ်လောက် အလေးအနက် ထားနိုင်သည်ဆိုသော အချက်သည် ဘယ်လောက်ကြာကြာ ၎င်းမှာ တစ်သက်လုံး ကျေနပ်နေစေရန် လုံလောက်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now