အခန်း(၁၀၀၈)

255 27 8
                                    

အခန်း(၁၀၀၈)

Mu Linger၊ မင်း မရှက်ဖူးလား။




အကယ်၍ Gu Qishao မှ ဆေးတောင်းဆိုမှု လှိုဏ်ဂူထဲ မဝင်ခဲ့လျှင်လည်း အဆင်ပြေသည်။

Han Yunxi မှာ သူ့အား တိတ်တဆိတ် ကြည့်နေပြီး မည်သည့် ကိစ္စမှ မသိဟန်ဆောင် နေသည်။ ဤနေရာသို့ ပြန်လာသည့် ခရီးစဉ်တွင် သူတို့က ဆုံးရှုံးမှု မရှိနိုင်ကြောင်းသာ သူမ သိနေသည်။ ရုပ်ပိုင်းဆိုင်ရာအရဆိုလျှင်ပင် သူတို့နှင့်အတူ နဂါးရှင်သန်ခြင်းဆေး ယူလာရမည်။

ထိုနေ့တွင်ပင် Han Yunxi ၏အဖွဲ့မှာ ချင်းကျိုးရေမြို့တော်မှ ထွက်ခွာပြီး ဆေးဝါးမြို့တော်သို့ တိတ်တဆိတ် ဦးတည်လာသည်။ Gu Qishao မှာ အခြားဘာမှ မပြောသော်လည်း ယခင်အတိုင်း မြင်းစီးကာ ဦးဆောင်လာသည်။ သူက ၁၀ ရက်သာ ခရီးသွားရမည့် အထူးဖြတ်လမ်းကိုလည်း ရွေးချယ်ခဲ့သည်။ တစ်လမ်းလုံးတွင် Han Yunxi နှင့် Long Feiye တို့မှာ ဖြေရှင်းရန် လိုအပ်သော အရေးပေါ်အခြေအနေများဖြင့် နေ့စဉ် နေရာအသီးသီးမှ ရောက်လာသော စာများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ညဘက်တွင်လည်း နှစ်ယောက်သား ကျင့်ကြံရန် အချိန်ရှာကြရသည်။ Baili Mingxiang မှာလည်း အားလပ်နေခြင်း မရှိပဲ ကိုယ်ခံပညာ လေ့ကျင့်နေသည်။ ရံဖန်ရံခါ သူမက ညွှန်ပြရန်အတွက် Xu Donglin အား ရှာတတ်သည်။

Gu Qishao မှာ နှစ်တစ်သောင်းမီးအဆိပ် အကြောင်း သဲလွန်စရှာဖွေခြင်းမှတစ်ပါး မည်သည့်ကိစ္စကိုမျှ စိတ်မဝင်စားချေ။ သူတို့၏မြင်းလှည်းများထဲတွင် အချိန်ကုန်ဆုံးရင်း အရှိန်အဟုန်ဖြင့် အနောက်မြောက်ဘက်သို့ ဦးတည်သွားနေသည်။ ယခုအချိန်တွင်တော့ Ning Jing မှာ ကိုယ်ဝန် ခုနစ်လရှိနေပြီ။ အလွှာဘယ်နှစ်ထပ်ဝတ်ထားပါစေ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ ငါးလနှင့်ခြောက်လပတ်လည်တွင် သူမက ဤမျှကြီးကြီးမားမားမဟုတ်ခဲ့သော်လည်း ယခုအခါတွင် သူမ၏ဗိုက်မှာ လေဖြင့် ဖောင်းနေပုံရသည်။သွားလာရန် အဆင်မပြေသကဲ့သို့ ညဘက် အိပ်ပျော်ရန် ခက်ခဲလာသည်ဟုပင် ခံစားနေရသည်။

သူမ၏ ခြံဝန်းအတွင်းရှိ အစေခံ မိန်းကလေးများနှင့် အစောင့်များအားလုံးမှာ Bai Yuqiao ၏ လက်အောက်မှ ဖြစ်သောကြောင့် Ning Jing မှ လိုအပ်သမျှမှာ Mu Linger ၏ အကြောင်းပြချက်များအဖြစ် အသုံးပြုချကာ ရရှိနိုင်သည်။ လက်ရှိတွင် အရာအားလုံးမှာ လုံခြုံနေသေးသည်။ ကျားထောင်အတွင်းတွင် Su Xiaoyu မှာ ခြံဝန်းငယ်လေး တစ်ခုတွင် နေထိုင်စဉ် Ning Jing ၊ Mu Linger ၊ မန်နေဂျာ Jin နှင့် ကျန်သူများမှာ ပိုကြီးသော ခြံဝန်းတစ်ခုတွင် နေထိုင်ခဲ့သည်။ Mu Linger မှာ မန်နေဂျာ Jin နှင့် ဦးလေးချန်၏ နေရာတွင် Su Xiaoyu အား တစ်ချိန်က တောင်းဆိုခဲ့ဖူးသည်။  ၎င်းမှာ အထူးသဖြင့် အမျိုးသားနှင့် အမျိုးသမီးများ အတူတကွ နေထိုင်ရန် အဆင်မပြေသောကြောင့် ဖြစ်သည်။ ထို့အပြင် Ning Jing ၏ ကိုယ်ဝန်အား အမျိုးသား နှစ်ယောက်ထံမှလည်း ဖုံးကွယ်ထားရသည်။ သို့သော် Bai Yuqiao မှာ သဘောမတူပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now