အခန်း(၁၀၂၂)
တုံးတာလေးလျော့လုပ်။
Han Yunxi ၏ ဇာမဏီစွမ်းအင်မှာ ကောင်းကင်မီးအား လုံးလုံးလျားလျား ဖိနှိပ်နိုင်သောကြောင့် ကောင်းကင်မီး ချန်မီးဖိုမှာ မကြာမီ ပုံမှန်ပြန်ဖြစ်လာသည်။ ပြင်ပအားဖြည့်မှုများဖြင့်သာ ဆေးဖန်တီးရန် လိုအပ်သည့်အချိန်ကို လျော့ချစေနိုင်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း Long Feiye နှင့် Gu Qishao ၏အတွင်းဒဏ်ရာများမှာ ဆက်လက်ရန် ပြင်းထန်လွန်းသောကြောင့် ဆေးမီးဖိုသခင် မှ Xu Donglin ထံ အတွင်းအားမှ မီးအဖြစ် သန့်စင်ရန်နည်းလမ်းအား သင်ကြားပေးခဲ့သည်။ သို့သော်၊ Xu Donglin ၏ အရန်အတွင်းအားမှာ အကန့်အသတ်ရှိနေသဖြင့် ဆေးမီးဖိုသခင်မှာ အလွန်အကျွံ မလုပ်ဆောင်ဝံ့ပဲ အချိန်မရွေး စတင်နိုင်ကာ ရပ်တန့်နိုင်သည့် အခြေခံအကျဆုံးနည်းပညာအားသာ အစောင့်ထံ သင်ကြားပေးခဲ့သည်။
Han Yunxi မှာ ဇာမဏီ မီးဖြင့် သန့်စင်မှုအား ခံစားခဲ့ရသော်လည်း သူမ၏ အတွင်း ဒဏ်ရာများမှာ အမျိုးသားနှစ်ဦးလောက် မပြင်းထန်ပေ။ သို့သော် ဇာမဏီစွမ်းအင်အပေါ် ကောင်းစွာနားလည်မှုမရှိပဲ မည်သည့်အရာမှ အလျင်စလို သူမ မကြိုးစားဝံ့ပေ။ ယခု ကိစ္စအားလုံးရှင်းသွားလျှင် နဂါးရှင်သန်ခြင်းဆေးအား မြန်မြန်ဆန်ဆန် ပြီးဆုံးရန် နည်းလမ်းများ တွေးချင်လာသည်။ အပြင်တွင် သူတို့အား စောင့်မျှော်နေသည့် တခြား အရေးကြီးသော အလုပ်များစွာ ရှိနေသေးသည်။
ဆေးမီးဖိုသခင်မှာ ခေါင်းညိတ်ပြလိုက်သည်။ "သဘာဝပဲ… ဇာမဏီ စွမ်းအင်က မင်းရဲ့ပန်းတိုင်ကို မြန်မြန်ရောက်ဖို့ ကောင်းကင်မီးကို ကူညီပေးနိုင်စွမ်းရှိတယ်။ဒါပေမယ့် မင်း…”
သူက စကားမဆုံးခင် Long Feiye မှာ သူ့ထံ အေးစက်စွာ ကြည့်လိုက်သည်။ “လိုချင်တာ ဘာလဲ။"
Gu Qishao မှာလည်း လေးနက်လာသည်။ “အဘိုးကြီး၊ ခင်များ ရှင်းရှင်းလင်းလင်းပြောတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီလူကြီးမင်းက မီးဖိုတစ်ခုလုံးကို ပေးဆပ်ခိုင်းမယ်။”
“ဇာမဏီစွမ်းအင်က ဆေးပြားတွေကို သန့်စင်တဲ့နေရာမှာ အရှိန်မြင့်စေနိုင်ရုံသာမက ငါ့ရဲ့ ကောင်းကင်မီး ချန်မီးဖို ကို ပျိုးထောင်ပေးနိုင်စွမ်းရှိတယ်။ သဘာဝပဲ.. ဒီအဘိုးကြီးက မင်းတို့ကို အကုန်ပြောပြနိုင်တယ်။ ဇာမဏီ စွမ်းအင်က ကူးပြောင်းနိုင်တဲ့ ဘာမဆို အကန့်အသတ်မရှိပေမယ် အတွင်းအား အများကြီး သုံးရလိမ့်မယ်။" Pill ဆေးမီးဖိုသခင်မှာ Han Yunxi ထံ ထက်သန်စွာ ကြည့်လိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Ficción histórica** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...