အခန်း(၁၀၄၅)

260 31 2
                                    

အခန်း(၁၀၄၅)

မင်းမှာ များများ ရှိလာလေ… ပိုပြီး ကြောက်ရွံ့လာရလေပဲ။





Han Yunxi  ၏ နှလုံးသားမှာ တင်းကျပ်နေကာ တောင်စောင်းသို့ ပျံတက်သွားသည်။ သူမ၏ နောက်တွင်၊ Gu Qishao မှာ တိတ်ဆိတ်စွာဖြင့် အနီးကပ်လိုက်လာသည်။ သူမက ထိပ်သို့ ရောက်သွားချိန်တွင် Long Feiye နှင့် ကျန်သူများမှာ အနီးရှိ ချောက်ကမ်းပါးတွင် ရပ်နေကာ အဖြူရောင်မီးခိုးလုံးကြီးသို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ Han Yunxi  မှာ သူတို့အား တွေ့လိုက်ရလျှင် သက်သာရာရသွားသော်လည်း Long Feiye ၏ နောက်ကျောကိုမြင်ရလျှင် ရုတ်တရက် ဆိုးသွမ်းသောအတွေးလေး တစ်ခုဝင်လာသည်။ "အရူး၊ ကျွန်မရောက်နေတာတောင် ရှင်က သတိမထားမိသေးဘူးလား။"

၎င်းမှာ Long Feiye ၏ အပြစ်မဟုတ်ပေ။ အမှောင်ထဲတွင် တစ်စုံတစ်ရာအား မြင်ရန် ခဲယဥ်းလှသည်။ သူတို့၏ ခေါင်းပေါ်မှ တိမ်များ၊ မိုးခြိမ်းသံများနှင့် အပေါ်တွင် သည်းထန်သည့် မုန်တိုင်းများဖြင့် ပို၍ မဖြစ်နိုင်ပေ။ အကယ်၍ သူမက သူ၏ ဘေးမှာ ရပ်နေလျှင်တောင် ဘယ်သူလဲဆိုသည်အား သိရန် ခက်ခဲလှသည်။ထို့အပြင် ဤတောင်တန်းကြီးမှာ ကြီးမားလှသည်။Han Yunxi မှာ မီးခိုးမှ လွတ်မြောက်လာပြီးနောက် အနီးဆုံးတောင်ထွတ်သို့ မတက်မီ လှည့်ပတ်နေခဲ့သည်။ သူမက Long Feiye နှင့် ကျန်သူများဖြင့်  လုံးဝဆန့်ကျင်ဘက်ဖြစ်သည့်လမ်းမှ တက်လာပြီး တစ်ယောက်ကိုတစ်ယောက် လွဲချော်သွားခဲ့သည်။

Han Yunxi မှာ Long Feiye ကို စိုက်ကြည့်နေစဉ် Gu Qishao မှာ သူမကို စိုက်ကြည့်နေသည်။သူမ၏ နောက်မှ ဤနေရာအထိ တစ်လမ်းလုံး လိုက်လာပြီးသည့်နောက် ယခုတွင် သူက တစ်ဖက်တွင် မတ်တပ်ရပ်နေကာ ရေရွတ်လိုက်သည်။ “အရူးလေး၊ ငါလည်း ဒီကို ရောက်နေပြီ... ဒါပေမယ့် မင်း မသိသေးဘူး။”

Han  Yunxi မှာ Long Feiye ကို လှမ်းခေါ်ရန် ပြင်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။  သူမ၏ မျက်လုံးများတွင် ဥာဏ်များနေသော အရိပ်အယောင်များ တောက်ပလာကာ တိတ်ဆိတ်စွာ ချဥ်းကပ်သွားသည်။လေနှင့်မိုးခြိမ်းသံမှာ ကျယ်လောင်လွန်းနေခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် Long Feiye မှာ အောက်ချိုင့်ဝှမ်းသို့ အာရုံစိုက်လွန်းနေခြင်းဖြစ်နိုင်သည်။ သူမက ချဉ်းကပ်လာသည်ကိုပင် သူက သတိမထားမိလျှင် Tang Li နှင့် ကျန်သူများမှာ အလွန်နည်းပါးလှသည်။အရိပ်အစောင့်များမှာ သူမကို မြင်လိုက်သော်လည်း သူမက ရည်ရွယ်ချက်ရှိရှိ လုပ်နေမှန်း သိသာနေသဖြင့် မမြင်ဟန် ပြုနေသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now