အခန်း(၁၀၀၁)

298 33 14
                                    

အခန်း(၁၀၀၁)

ကုချီရှောက်က ဒေါသမီးလျှံကို တာဝန်ယူလိမ့်မယ်။








Gu Qishao မှ ပေါ်လာသည့်တိုင် သံသယရှိသူများမှာ ဘယ်မှာလဲ။ သူ၏ခန္ဓာကိုယ်တွင် ချိတ်ဆွဲထားသည့် အရိုးများမှာ ချီရှားဓားမြှောင် ၏သားကောင်များထံမှ ဖြစ်ကြောင်း ထင်ရှားနေသည် ။ Long Feiye မှာ မော့ရှဲ့ ဓားချီအား တောင့်ခံထားခြင်းမှာ ကန့်သတ်ချက်များနှင့် နီးနေပြီဖြစ်သည်။ သူ၏ မျက်လုံးများမှာ မပျော်မရွှင်မှုများ တဖျပ်ဖျပ်ခတ်သွားပြီး ဓားအား  တစ်ဖက်သို့ ဝှေ့ယမ်းလိုက်သည်။ 

တစ်ချိန်တည်းမှာပင် မော့ရှဲ့ ဓားချီမှာ လေတိုးသံဖြင့်  သူ၏နောက်ကျောမှ ဖြတ်သွားလေသည်။ သူက သူ၏လက်နက်အား လျင်မြန်စွာ မြှောက်လိုက်ပြီး Gu Qishao ဆီသို့ ပိုင်းဖြတ်လိုက်တော့သည်။ Han Yunxi နှင့် ကျန်သူများမှာ ဤအပြုအမူအား  မြင်လျှင် ကူညီရန် သွားနေခြင်း အလယ်မှ ရပ်တန့်သွားကြသည်။

Long Feiye က ဘာလုပ်နေတာလဲ။

"ငါ*** Long Feiye မင်း ဘာကိုဆိုလိုတာလဲ။" Gu Qishao မှာ လန့်သွားတော့သည်။ ရက်အတော်ကြာအောင် ပျောက်ဆုံးနေသော်လည်း သူ၏ ဒေါသမှာ အမြဲတစေ အတူတူပင်။

သို့တိုင်၊ Long Feiye ၏ဓားချီမှာ Gu Qishao ထံသို့ မရောက်မီ ခိုင်ခံ့သော ဓားချီမှာ  ၎င်းအား လမ်းကြောင်းမှန်မှ တွန်းကန်ရန် မြင့်တက်လာသည်။
သံသယရှိသူများမှာ နောက်ဆုံးတွင် သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသလာသည်။

ထိတ်လန့်သွားပြီး၊ Long Feiye မှာ လျှို့ဝှက်ဆန်းကြယ်သောဓားချီမှာ သူက မျှော်လင့်ထားသည်ထက် နှစ်ဆပြင်းထန်သည်ကို သဘောပေါက်လိုက်သည်။ သူ၏ ဓားချီအား လမ်းကြောင်းပေါ်မှ တန်ပြန်နိုင်သူများမှာ လက်ချောင်းများဖြင့် ရေတွက်နိုင်သည်။သူနှင့် Gu Qishao နှစ်ယောက်စလုံးမှာ ညာဘက်သို့ လှည့်လိုက်လျှင် လေထဲတွင် ပျံဝဲနေသည့် လူတစ်ယောက်အား တွေ့လိုက်ရသည်။ သူက လူ့အရိုး မျက်နှာဖုံးအား ဝတ်ဆင်ထားပြီး ဘယ်ဘက်လက်တွင် ဓားတစ်ချောင်း ကိုင်ဆောင်ထားသည်။ ပျောက်ဆုံးနေသော လက်မောင်းကြောင့် သူ၏ ညာဘက်အင်္ကျီလက်မှာ အပေါက်ဖြစ်ကာ ဗလာဖြစ်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now