အခန်း(၁၁၀၄)

272 29 3
                                    

အခန်း(၁၁၀၄)

နောက်ဆုံးတော့ သူ့ကို အစ်အောက်ထုတ်နိုင်ပြီ။






Han Yunxi ၏ ရန်စစကားမှာ Bai Yanqing အား ကျယ်လောင်စွာ ရယ်မောစေလေသည်။ 

"ဒီအဘိုးကြီးက  မင်းကို ကြောက်နေတယ်။"   သူက ပြုံးလျက် နီးကပ်လာသည်။ 

Han Yunxi မှာ Ning Jing ကို အနောက်တွင် ကာထားရင်း စူးစမ်းလိုက်သည်။ "Long Feiye က ဘယ်မှာလဲ။"

"ကောင်မလေး မင်း Long Feiye ကို ဘယ်လောက်ကြိုက်တာလဲ။" Bai Yanqing က ရပ်တန့်ကာ စိတ်အားထက်သန်စွာ မေးလိုက်သည်။

“အဲဒါ ရှင့်ကိစ္စ မဟုတ်ဘူး။ သူ ဘယ်မှာလဲ။ ရှင် ဘာလိုချင်လို့လဲ။" Bai Yanqing နှင့် ရင်ဆိုင်လိုက်ရလျှင် Han Yunxi မှာ စိတ်အေးအေးထားကာ သူ့ထံမှ အချက်အလက်တစ်ချို့  စူးစမ်းချင်သော်လည်း မဖြစ်နိုင်ပေ။ 

“ဒါပေါ့ သူက လုံးဝ အဆင်ပြေနေတယ်။ နောက်ဆုံးတော့ သူက ငါ့သားမက်ပဲလေ။ ဒီတော့ ငါက သူ့ကို ဘယ်လို နာကျင်အောင်လုပ်နိုင်မလဲ။ စိတ်မပူနဲ့.. သူ့ခေါင်းပေါ်က ဆံချည်တစ်မျှင်တောင် ငါမထိဘူး။" Bai Yanqing မှာ စိတ်ကောင်းစေတနာအပြည့်ရှိနေသူကဲ့သို့ပင်။ 

Han  Yunxi  ၏ မျက်လုံးများသည် ရှုပ်ထွေးသောအမူအရာများ တဖျပ်ဖျပ်ခတ်သွားကာ တိတ်ဆိတ်သွားတော့သည်။ Bai Yanqing ကဲ့သို့ အရူးတစ်ယောက်အား ကိုင်တွယ်ဖြေရှင်းရန် သူမ၏မေးခွန်းများနှင့် စုံစမ်းမှုအားလုံးမှာ အသုံးမဝင်ပေ။ သူ့ကို သင်းကွပ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည့်တိုင် သူက ထိန်းချုပ်နိုင်ကာ ပုန်းကွယ်နေခဲ့ဆဲပင်။ စကားလုံးများ ထပ်ပြောနေလျှင်လည်း အချိန်ဖြုန်းရုံပင်။ 

တစ်ခုတည်းသော ရွေးချယ်မှုမှာ သူက ပြောမည့်အား စောင့်ဆိုင်းကြည့်ရှုရန်ပင်။

သူမ၏ တုံ့ပြန်မှုကို မြင်ရလျှင် Bai Yanqing မှာ စူးစမ်းချင်စိတ် ပြင်းပြလာသည်။ "ဘာလဲ မပျော်ဖူးလား။"

Ning Jing ကို ဆက်လက်ကာကွယ်ရင်း Han Yunxi မှာ သူ့အား လျစ်လျူရှုထားလိုက်သည်။ သူမက အခြားသူများကို ဆွဲဆောင်ရန် လုံလောက်စွာ အရှုပ်အထွေးတစ်ခု ပြုလုပ်နိုင်ရန် ထိုလူကို မည်ကဲ့သို့တိုက်ခိုက်ရမည်ကို တိတ်တဆိတ် စဥ်းစားနေသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now