အခန်း(၁၁၃၀)

261 29 4
                                    

အခန်း(၁၁၃၀)

ဟာသတစ်ခုက ဘယ်လို လက်တွေ့ ပြောင်းသွားနိုင်တာလဲ။






Gu Beiyue မှာ အချိန်အတော်ကြာအောင် ရှာဖွေနေခဲ့ပြီး Gu Qishao ဖြင့် အတိအကျ သက်ဆိုင်သည့် အခြားအရာတစ်ခုကို တွေ့ရှိလိုက်ရသည်။ သူက မလိုလားသော်လည်း အသားထဲတွင် မြှုပ်နေသော သေးငယ်သည့် နွယ်ပင်လေးကို တူးဖော်ပြီး လက်ဖဝါးထဲတွင် ထည့်ထားဆဲပင်။ ၎င်းကိုမြင်လျှင် Han  Yunxi မှာ သူမ၏ပါးစပ်ကို ပိတ်ထားရင်း ထိုနွယ်ပင်မှ မရှိသလို အဝေးသို့ လှည့်ကြည့်လိုက်သည်။

သို့ရာတွင် လက်တွေ့မှာ အမှန်တရားပင်။

Gu Beiyue မှာ နောက်ဆုံး ကောက်ချက်ချရန် သွေးကွက်များကို စမ်းသပ်ချင်ခဲ့သည်။ အဆုံးတွင် Gu Qishao ၏သွေးမှာ သာမန်လူသားများနှင့် ကွဲပြားသောကြောင့် ခွဲခြမ်းစိတ်ဖြာပြီးနောက် သူက ၎င်းကို သိရှိနိုင်မည်ဖြစ်သည်။ သို့သော် ဤနေရာတွင် သွေးနမူနာများအားလုံးမှာ အခြားအရာများနှင့် ညစ်ညမ်းနေသည်။ ကြေးနီဒင်္ဂါးပြား၊ ကြိုးနီနှင့် နွယ်ပင်အပိုင်းအစများမှသာ သူတို့၏ သက်သေအဖြစ် ဆောင်ရွက်နိုင်သည်။

နွယ်ပင်များနှင့် Gu Qishao တို့မှာ တစ်ကိုယ်တည်းဖြစ်သည်။ အကယ်၍ ၎င်းကို အပိုင်းပိုင်းဖြတ်နိုင်လျှင် Gu Qishao ကိုယ်တိုင်ကော…….။

"မယုံဘူး။" Han Yunxi မှာ နံရံများကို ကိုယ်တိုင် စစ်ဆေးရန် အခန်းထဲသို့ ရုတ်တရက် ပြေးဝင်သွားသည်။ သူမက အသားစိုင်တစ်ခုမှ နောက်အသားစိုင်သို့ သွားလိုက်သော်လည်း နောက်ထပ် နေရာတွင် အနီရောင်ကြိုး သို့မဟုတ် နွယ်ပင်များကို မတွေ့ရတော့ပေ။၎င်းမှာ သူမ၊ Long Feiye နှင့် Tang Li တို့ကို မျှော်လင့်ချက်ပေးလိုက်သည်။ သူတို့လည်း သူမ၏ ရှာဖွေမှုတွင် ကူညီပေးခဲ့ပြီး အညစ်အကြေး သို့မဟုတ် ရွံရှာဖွယ် အခြေအနေတွေကို ဂရုစိုက်မနိုင်ပေ။ Gu Qishao မှ အဆင်ပြေနေသရွေ့ ဤနေရာမှ ညစ်ပတ်နေလျှင်လည်း ဘာဖြစ်နိုင်မည်လဲ။ 

သို့ရာတွင် နောက်ဆုံး၌ သူတို့၏ ကောက်ချက်ချမှုမှာ မျှော်လင့်ချက်အားလုံးကို အချည်းအနှီးဖြစ်သွားစေသည်။ နွယ်ပင်အပိုင်းအစများဖြင့် အထုံးတစ်ခုနှင့် အရိုးစုတစ်ခုကိုပင် တွေ့လိုက်ရသည်။ Tang Li မှာ ရုတ်​တရက်​ အော်လိုက်​လေသည်။ သူက အရိုးစုအပုံမှ ဆံပင်များဖုံးနေသော ဦးခေါင်းခွံကို တူးဖော်လိုက်သည်။ Han Yunxi မှာ လှည့်ကြည့်လိုက်လျှင် သေနေသည့် ဦးခေါင်းခွံထဲမှ ပုပ်ပွနေသည့် အသွင်အပြင်များဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် မြင်ကွင်းကို မြင်လိုက်ရလေသည်

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now