အခန်း(၁၁၂၈)

267 24 0
                                    

အခန်း(၁၁၂၈)

ဟန်ယွင်ရှီးက ခါးမရှိတော့ဘူး။








သူမ တွင်းနက်ကြီးကို ကြည့်ကာ နှလုံးသားထဲတွင် တင်းမာသွားသလို ခံစားလိုက်ရသည်။ 

အံ့သြစရာမရှိဘူး။ Gu Qishao က သူသေမှာမဟုတ်ဘူးလို့ အမြဲပြောနေတာ အံ့သြစရာမရှိတော့ဘူး။

ထွက်ပေါ်လာသည့်အတိုင်း "ဒီအဘိုးကြီး မသေနိုင်ဘူး။" ဟူသည်မှာ ဟာသသက်သက်မဟုတ်သကဲ့သို့ Gu Qishao မှ လေကြီးနေခြင်းလည်း မဟုတ်ပေ။၎င်းမှာ ရိုးရိုးရှင်းရှင်း သူ၏ အဖြစ်မှန်ပင်။

သူက အဆိပ်ကုလူသားလား။ Gu Yuntian က သူ့ကို  ပျိုးထောင်ခဲ့တာလား။

ဒါပေမယ့် အဆိပ်ကုလူသား တွေအတွက် ဆေးအားလုံးကို  သုံးထားပြီးသားလေ။ တကယ်လို့ Gu Qishao သာ အဆိပ်ကု လူသား ဆိုရင် Bai Yanqing အကြောင်း ကောင်းကောင်းသိသင့်တယ်။  Han  Yunxi ၏ စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခု ပေါ်လာပြီး သူမကို ယခင်ကထက် ပိုဝမ်းနည်းစေတော့သည်။

အဲဒီလို တွင်းနက်ကြီးရဲ့ အောက်ခြေမှာ ဘာရှိနိုင်မလဲ။တကယ်လို့ Gu Qishao မသေနိုင်ရင်တောင် နာကျင်နေလိမ့်မယ်။ အဲ့တာက နာနေဦးမှာပဲ….။

“စိတ်မပူနဲ့”။ Long Feiye မှာ ရေရွတ်လိုက်သည်။

“မင်းသမီး၊ ချီရှောက်က အန္တရာယ် ဆိုးဆိုးရွားရွား မဖြစ်သင့်ဘူး။ အဲဒီဓားစာခံတွေကို ရှာတွေ့ဖို့က ပိုအရေးကြီးပါတယ်။” Gu Beiyue မှ တိုက်တွန်းလိုက်သည်။

Tang Li မှာ Ning Jing ကိုရှာရန် အလျင်စလိုဖြစ်လာပြီး ညာဘက်တွင် စတင်ရှာဖွေနေပြီဖြစ်သည်။ခလုတ်သည် ပတ်၀န်းကျင်တွင် ရှိနေရမည်ဖြစ်သောကြောင့် ကျောက်တုံးအခန်းပတ်ပတ်လည်တွင် သူက လှည့်ပတ်နေသည်။

အသေအချာ Han  Yunxi  မှာ အချိန်များ တင်းကျပ်နေမှန်း သိသောကြောင့် သူမ၏ ကြောက်စိတ်များကို ရုတ်သိမ်းကာ ပြောလိုက်သည်။ "Tang  Li နောက်လိုက်သွားရအောင်၊ သူ့ကို တစ်ယောက်တည်း မသွားခိုင်းနဲ့။ ဒီမှာ ထောင်ချောက်တွေနဲ့ အဆိပ်ရှိတဲ့ သတ္တဝါတွေ အများကြီးရှိတယ်။”

Gu Beiyue မှာ Tang Li ၏နောက်မှ လိုက်သွားပြီး Long Feiye မှာ Han Yunxi ၏လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ Gu Qishao နှင့် Bai Yanqing တို့မှာ မည်သည့်နေရာတွင် အဆုံးသတ်သွားသည် သို့မဟုတ် သူက ရန်သူကို မည်မျှကြာအောင် ချုပ်နှောင်ထားနိုင်မည်ကို မည်သူမျှ မသိခဲ့ကြပေ။ ပထမဦးစားပေးမှာ ဓားစာခံများကို ကယ်တင်ရန်ဖြစ်ပြီး မဟုတ်လျှင် သူတို့က Bai Yanqing ထံမှ စောင့်ကြည့်ခံရကာ ချုပ်နှောင်ထားခံရလိမ့်မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now