အခန်း(၁၁၆၆)
အလဲအလှယ် မဟုတ်သော အပ်နှံခြင်း။
Su Xiaoyu မှာ မပြောနိုင်သော်လည်း Han Chen မှာ သူမကို အမှန်တကယ် နေစေချင်မှန်း Long Feiye မှ ပြောနိုင်သည်။ မဟုတ်လျှင် ထိုသူမှာ သူတို့နှင့် ဒီလောက်ကြာမြင့်စွာ စကားပြောရန် ဘယ်တော့မှ စိတ်အနှောင့်အယှက်ဖြစ်ခံမည် မဟုတ်ပေ။
မိန်းကလေးထံ သူမ၏ တောင်းဆိုချက်များကို ပြောင်းပေးရန် ပို၍ တောင်းဆိုမည် မဟုတ်ပေ။ သို့သော် Long Feiye မှာ သူ၏ အကြံအစည်ကို အသေးစိတ်မရှင်းပြပဲ နှုတ်ဆိတ်နေလေသည်။
သူက အခြေအနေ နှစ်ခုကို ပြင်ဆင်ထားပြီး ၎င်းတို့ထဲမှ တစ်ခုကို မကမ်းလှမ်းမီ Han Chen ၏ တုံ့ပြန်မှုကို စောင့်နေသည်။
Han Chen မှ အဖြေမပေးသည်ကို Su Xiaoyu မှ မြင်လျှင် ပြီးသွားပြီလို့ ထင်လိုက်လေသည်။ Long Feiye မှာ အခြားလူအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ရိုးရှင်းစွာ ဆက်၍ နှုတ်ဆိတ်နေလိုက်သည်။
နောက်ဆုံးတော့ Han Chen မှာ စကားစလာသည်။ "ဘာလို သဘောတူညီချက်လဲ။"
“ဒီဂျူနီယာက ကျော်ကြားတဲ့ တောင်ဘက် အနီရောင်တောင်ထိပ် လက်ဖက်ရွက်ရဲ့အိမ်ဖြစ်တဲ့ တောင်ပိုင်းတောင်ထိပ် လို့ခေါ်တဲ့ တောင်ဘက်က တောင်တန်းတစ်ခု ပိုင်ပါတယ်။ တကယ်လို့ စီနီယာက Bai Yanqing နဲ့ အဆိပ် မျက်ရည်စက် ကိုးလုံးကို ပြန်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် အဲ့ဒီတောင်က စီနီယာအတွက် ဖြစ်လိမ့်မယ်။ ဂျူနီယာက အဲ့ဒီမှာ ဘယ်သူမှ စီနီယာကို မနှောင့်ယှက်ဘူးလို့ ကတိပေးနိုင်ပါတယ်။”
Han Chen မှာ ကမ်းလှမ်းချက်ကြောင့် Long Feiye ဘက်သို့ လှည့်လာသည်။
Long Feiye မှာ ပြုံးရုံသာ ပြုံးလိုက်သည်။ “တကယ်လို့ စီနီယာက တောင်ဘက် အနီရောင် တောင်ထိပ်ကို နှစ်သက်တယ်ဆိုရင် အနာဂတ်မှာ လိုချင်သလောက် စိုက်ပြီး ဆွတ်နိုင်ပါတယ်။ နှစ်တိုင်း အထွက်နှုန်းက အကန့်အသတ်ရှိတယ်ဆိုပေမယ့် စီနီယာ အတွက် သဘောရှိ မြည်းစမ်းနိုင်အောင် လုံလောက်ပါတယ်။”
သူတို့ နောက်ဆုံးရောက်လာချိန်တွင် Long Feiye မှာ Han Chen ၏လက်ဖက်ရည်မှာ တောင်ဘက် အနီရောင်တောင်ထိပ်လက်ဖက်ခြောက်၏ အဆင့်အတန်းမြင့်သော အတုအပဖြစ်သည်ကို သတိပြုမိပြီးဖြစ်သည်။ Gu Beiyue မှာ မတူညီမှုများကို ပိုင်းခြားသိမြင်နိုင်လောက်အောင် လက်ဖက်ရည်ကို နားမလည်ခဲ့ပေ။ Gu Qishao နှင့် Han Yunxi မှာ အနည်းငယ်ပိုသိရှိပြီး တောင်ဘက် အနီရောင်တောင်ထိပ်နှင့် ရင်းနှီးသော်လည်း လက်ဖက်ရည်ကို ဂရုမစိုက်ခဲ့ပေ။ တကယ်တော့ Han Yunxi မှာ သောက်ပင် မသောက်ပေ။ သို့သော်၊ Long Feiye မှာ ပထမဦးစွာ လက်ဖက်ရည်သောက်စဉ်တွင် ပြသနာတစ်ခုကို မြည်းစမ်းလိုက်ရသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...