အခန်း(၁၀၄၄)

230 22 2
                                    

အခန်း(၁၀၄၄)

အလွန်ပြင်းထန်သောအဆိပ်။ မြန်မြန်ထွက်ပြေး….။







ဖခင်အသစ်က ရိုးရိုးရှင်းရှင်းပဲ အဖေဖြစ်လာတော့မှာကို အစစ်လား အတုလား ဆိုတာက ဘယ်ကထွက်လာတာလဲ။

Tang  Li  မှာ မည်သို့ပြန်ဖြေရမည်ကို မသိတော့ပဲ ခေါင်းကုတ်လိုက်သည်။ ဆေးမီးဖိုသခင်မှာ သတင်းကို ကြားရလျှင် Tang Li ထံ ပြုံးပြလိုက်သည်။ "ဂုဏ်ယူပါတယ် ထန်မျိုးနွယ်ခေါင်းဆောင် မင်းရဲ့ကလေးမွေးဖွားခြင်းအတွက် ဂုဏ်ယူပါတယ်။"

Tang Li မှာ အံ့အားသင့်သွားပြီးနောက် ပြန်၍ ပြုံးလိုက်သည်။ "ဆေးဆရာကြီး ကလေးရဲ့တစ်လမြောက်မွေးနေ့အတွက် လာရမယ်။”

"ယဉ်ယဥ်ကျေးကျေး ငြင်းဆိုတာထက် ရက်ရက်ရောရော လက်ခံတာက ပိုကောင်းပါတယ်။" ဆေးမီးဖိုသခင်မှ အလွယ်တကူ သဘောတူလိုက်သည်။

Tang Li မှာ ပီတိဖြစ်ကာ စိတ်အေးလက်အေးဖြင့် ကလေး၏ အသေးစိတ်အချက်အလက်များကို ဆေးမီးဖိုသခင်ထံ စတင်ပြောပြနေသည်။ Han Yunxi  မှာ မနေနိုင်ပဲ လှည့်ကြည့်မိသည်။ Gu Qishao မှာ အနီးအနားတွင် ရှိနေမှန်း သူမ သိသော်လည်း စကားစဝိုင်းအား ကြားလျှင် သူက ဘယ်လိုခံစားရမည်မှန်း မသိနိုင်ပေ။ ထိုအချိန်တွင် မိုးခြိမ်းသံ တဟုန်ထိုး ထွက်ပေါ်လာသည်။ တစ်ခဏချင်းမှာ လူတိုင်းမှာ ဝမ်းသာအားရ မတ်တပ်ရပ်လိုက်ကြတော့သည်။

"လျှပ်စီးလျှပ်လာတော့မယ်။"

"ဆေးမီးဖိုသခင်..၊ မြန်မြန် မြန်မြန် အသင့်ပြင်ထားရအောင်။"

"ဒါက ဧရာမ နွေဦး လျှပ်စီးကြောင်း ဖြစ်မှာ သေချာတယ်။"

စာကြောင်းသုံးကြောင်း၏ အကွာအဝေးတွင်ပင် ခြိမ်းဟောက်သံများ တိုးလာသည်။ မိုးကြိုးများမှာ တိမ်တိုက်များတွင်း ဖြတ်ကျော်၍ ကောင်းကင်အား ခွဲထွက်ရန် ကြိုးစားနေ သကဲ့သို့ပင်။ ဆေးမီးဖိုသခင်မှာ မီးဖိုလေးကို တဲတွင်းမှ အလျင်စလို သယ်ထုတ်လာသည်။ကြိုတင်စီစဉ်မှုများအရ Long Feiye မှာ သူ့ကို ညာဘက်ရှိ ကျောက်တုံးကြီးတစ်ခု၏ ထိပ်သို့ ခေါ်ဆောင်သွားပေးလိုက်သည်။ သူနှင့် ကမ္ဘာမြေမီး ခွမ်းမီးဖို အကြားရှိ အရာအားလုံးမှာ ကျောက်ဆောင်များ၊ သစ်ပင်များ၊ မြက်ပင်များနှင့် ပန်းများအပါအဝင် အပျက်အစီးများအားလုံးကို ရှင်းလင်းထားပြီး ဆေးမီးဖိုသခင်မှာ ပစ်မှတ်ကို အတားအဆီးမဲ့မြင်တွေ့နိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now