အခန်း(၁၁၂၆)

229 25 2
                                    

အခန်း(၁၁၂၆)

လုံဖေးယဲ့.. တကယ်နာတယ်ဟ။






သူ့ကို ဖြေရှင်းမယ်……

Long Feiye မှာ ထေ့ငေါ့ကာ လှောင်ရယ်လိုက်သည်။ "Bai Yanqing၊ ခင်များက ကျုပ်တို့လေးယောက်ကို မသေနိုင်တဲ့ ခန္ဓာကိုယ်နဲ့တောင် ရင်မဆိုင်နိုင်လို့ အဆိပ်တွေကို ထပ်ပြီး အားကိုးနေရတာ..။ ခင်များက သူရဲဘောကြောင်တဲ့သူ မဟုတ်ရင် ဘယ်သူလဲ။"

ဖူး..…

Gu Qishao ၏ မျက်လုံးများမှာ တောက်ပလာကာ အလျင်စလို ထပ်ပြောလိုက်သည်။ " Long Feiye ၊ ငါတို့ ဘာလို့ မျိုးစေ့မရှိတဲ့ လူတစ်ယောက်နဲ့ စကားပြောနေတာလဲ။ တကယ်လို့ သူက အဆိပ်သုံးရင်တောင် ငါတို့ သူ့ကို မကြောက်ဘူး။"

Bai Yanqing မှာ သူတို့က သူ့ကို ရည်ရွယ်ချက်ရှိရှိ ရန်စနေမှန်း ပြောနိုင်သော်လည်း သူ၏ ဒေါသကို မထိန်းနိုင်ပေ။ ချက်ချင်းပင် သူက လေချွန်လိုက်ရာ ရှေ့တိုးလာသည့် အဆိပ် မြွေအုပ်ကို နောက်ဆုတ်သွာစေသည်။ Han Yunxi မှာ အဆိပ်ဖြေစနစ် နှင့် မြွေများမှ အကူအညီဖြင့် သူတို့၏တည်နေရာကို သတိပြုမိလိုက်ကြောင်းတော့ တစ်ယောက်မှ သတိမထားမိကြပေ။ ထို့အပြင် သူမက မြွေများ ပြန့်ကျဲသွားကာ သူမ၏ အာရုံခံစားမှုကို နောက်တစ်ကြိမ် ဒုက္ခပေးလိုက်ချိန်တွင်  နေရာသို့ ရောက်လုနီးပါး ဖြစ်နေပြီပင်။

သူမက နောက်တစ်ကြိမ် ထပ်မံ၍ ဖြည်းညင်းစွာ လာ၍ စမ်းတဝါးဝါး ဖြစ်သွားပြန်သည်။

Bai Yanqing မှာမူ ဒေါသတကြီး ဖြစ်နေလေသည်။ “ကောင်းပြီ၊ ဒီအဘိုးကြီးက အဆိပ်မသုံးဘူး။ မင်းငါ့ကို တစ်ယောက်ချင်း တိုက်ခိုက်ဝံ့လား ဒါမှမဟုတ် တစ်ချိန်တည်းမှာ အားလုံးလား။"

Long Feiye မှာ ထိုစကားများကို စောင့်မျှော်နေခဲ့သည် ။

အကယ်၍ Bai Yanqing မှာ အဆိပ် မသုံးလျှင် သူက ပို၍ လုံခြုံနိုင်သည်။ Han Yunxi မှမရှိလျှင်တောင် သူက Bai Yanqing ကို  ထိန်းထားနိုင်သည်။

“ကျုပ်တို့ တစ်ယောက်ချင်း သွားမယ်။ ဒီလိုနည်းနဲ့ဆို ခင်များရှုံးတဲ့အခါ ကျုပ်တို့က ခင်များကို အုပ်စုဖွဲ့ အနိုင်ကျင့်နေတယ်လို့ ပြောလို့မရတော့ဘူး။" Gu Qishao မှာ စိတ်အခြေအနေကောင်းနေကာ ရယ်မောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now