အခန်း(၁၁၇၄)

226 26 2
                                    

အခန်း(၁၁၇၄)

မင်းပျော်သရွေ့။








Han  Yunxi  မှာ မြောက်ပိုင်းလီမှ ပြသနာကို ဘယ်လိုဖြေရှင်းမည်လဲ။ Long Feiye ၏ အမြင်များကို သူမ သိချင်သောကြောင့် သူ့ကို ပထမနေရာမှာ မေးခဲ့ခြင်းပင်။ စာမျိုးစုံကို ဖတ်ရှုပြီးနောက် Long Feiye ထံ Ning Cheng အား တိုက်ပွဲဝင်စေပြီး နိုင်ငံကို တစ်ချက်တည်း အနိုင်ယူရန် တိုက်တွန်းနေသည့်အပြင် ဆောင်းကျီ နိုင်ငံကို သိမ်းပိုက်ရန် အကြံပြုချက်အချို့ကိုပင် သူမ တွေ့ခဲ့ရသည်။

Han Yunxi မှာ ဤအမြင်များကို သဘောမတူနိုင်ပေ။ သူမ၏ မျက်လုံးထဲတွင် ပြောင်ပြောင်တင်းတင်း ရန်ဆောင်မှုများနှင့် မကွာပေ။ နောက်ဆုံးတွင်၊ ဆောင်းကျီးပြည်မှာ တိမ်တိုက်ကုန်းမြေကြီး၏ အခြားနိုင်ငံများနှင့် မည်သည့်အချိန်ကမှ အဆက်အဆံ မပြုခဲ့ပေ။ မဟာချင် အင်ပါယာ လက်ထက်၌ပင် လွတ်လပ်စွာ ကျန်ရှိခဲ့သည်။ 

မြောက်ပိုင်းလီ၏ ရန်လိုခြင်းမရှိသော မြောက်ပိုင်းနယ်နိမိတ်များကို ရင်ဆိုင်ကာ ထိုနေရာမှ မြေယာလေးတစ်ခုအတွက် တပ်ဖွဲ့ဝင်များ စုဆောင်းရန်မှာ သူမ၏ သဘောထားဖြင့် မကိုက်ညီပေ။ သူမက Long Feiye ကိုလည်း ထိုကဲ့သို့ ပြုမူစေရန် မလိုလားသောကြောင့်  ထိုစာများကို ထုတ်မပြောပဲ ဖယ်ရှားကာ ပေးပို့သူများ၏ အမည်များကို မှတ်သားထားခဲ့သည်။

ဆောင်းကျီးနိုင်ငံကို သိမ်းပိုက်ရန် အစွန်းရောက်ဝါဒီများအပြင် အခြားသော စာများမှာ လတ်တလောမှ အကြောင်းအရာများနှင့် သက်ဆိုင်နေသည်။အသေအချာပင် သူတို့ ရေးထားသော စကားလုံးများဖြင့်သာ ဆိုင်လေသည်။ သူတို့အားလုံးမှာ အမှောင်ထဲတွင် ရည်ရွယ်ချက်များ ဖုံးကွယ်ထားကြသည်။ အထူးသဖြင့် ပိုင်လီ အဖွဲ့၏ စာရေးဆရာများပင်။

Han  Yunxi မှာ နှုတ်ဆိတ်နေသည်ကို မြင်လျှင် Long Feiye မှာ မျက်ခုံးပင့်လိုက်လေသည်။ “မပြောချင်ဘူးလား.. ဒါမှမဟုတ်…”

Han  Yunxi  မှာ ပြုံးလိုက်သည်။ “ပြောရမှာ ခက်နေရုံတင်… နောက်ဆုံးတော့...ကျွန်မက အနောက်ချင်ကလေ။"

Long Feiye မှာ ပြုံးပြလိုက်သည်။ Han Yunxi ၏ စကားတွင် အဓိကအချက် ရှိနေသည် ။ သူ့ကို ရှေ့တိုးရန် တိုက်တွန်းနေသည့်စာများမှာ အဓိကအားဖြင့် ပိုင်လီစစ်တပ်နှင့် တောင်အလယ်ပိုင်းဒေသ၏ စစ်တပ် ဆိုသော နှစ်ဖွဲ့မှ လာခြင်းပင်။ ပိုင်လီ စစ်တပ်မှာ ပိုင်လီမျိုးနွယ်နှင့် အရှေ့ချင်၏ မျိုးနွယ်စုဟောင်းများအားလုံးကို ကိုယ်စားပြုနိုင်ပြီး တောင်အလယ်ပိုင်းဒေသမှာ အဓိကမျိုးနွယ်စုများနှင့် စစ်ဘုရင်များ၏ အကျိုးစီးပွားကို လွှမ်းခြုံထားသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now