အခန်း(၁၁၉၅)

271 29 2
                                    

အခန်း(၁၁၉၅)

အနှောက်အယှက်မပေးနဲ့။ လိုက်လည်း မရှာနဲ့။







Mu Linger မှာ Gu Beiyue မှ သူမကို “ကောင်မလေး” ဟု ခေါ်ရန် ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ Gu Beiyue ၏ အသံနေ အသံထားနှင့် ပြုံးနေသော မျက်နှာမှာ ပုံမှန်နှင့် မတူသည်ကို သူမ စဥ်းစားနေရုံအပြင် မတုံ့ပြန်နိုင်တော့ပေ။ Mu Linger မှာ ရုတ်တရက် သူနှင့် ပို၍ ရင်းနှီးလာသည်ဟု ခံစားမိသည်။ နောက်ဆုံးတွင်၊ သူ၏ ပုံမှန် နူးညံ့သိမ်မွေ့မှုနှင့် ကျက်သရေရှိမှုတို့မှာ သူ့ကို အခြားသူများနှင့် ဝေးကွာစေသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

အကယ်၍ သူမ၏ ခဲအိုမှာ လူများကို တစ်ထောင်လီ အဝေးတွင် ရှောင်ပြီး အနားမကပ်ဝံ့အောင် ကြောက်ရွံ့နေစေသူတစ်ယောက်ဆိုလျှင် Gu Beiyue မှာ ပထမဆုံး အထင်အမြင်ကောင်း ထားရှိပြီး နောက်ပိုင်း ထိတွေ့ဆက်ဆံချိန်တွင် အေးစက်သောခံစားချက်ကို ထားခဲ့သူတစ်ယောက်ပင်။ တစ်ချိန်လုံး သူ့ကို သိနေသည့်တိုင် (သူ့ကို  ကောင်းကောင်းသိသည်)  သူမက သူ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ နားလည်သလို ခံစားနေခဲ့ရသည်။

Mu Linger မှာ မတတ်သာပဲ စူးစမ်းချင်စိတ် ကြီးထွားလာတော့သည်။ Gu Beiyue မှာ ထိုအကြီးဆုံးသခင်မလေးချင်နှင့် အမှန်တကယ် ပို၍ ရင်းနှီးသွားလိမ့်မည်လား။ သေချာစဉ်းစားပြီးနောက် စိတ်ကူးမှာ ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရလေသည်။သူက လက်ထပ်တော့မှာ သူမကို သဘောကျတာပေါ့။ ဒီလိုဆိုရင် သူတိက ပိုပြီး နီးစပ်သွားလိမ့်မယ်။

အကယ်၍ Mu Linger ၏ ပါးစပ်ကြီးကြောင့်မဟုတ်လျှင် Ning Cheng မှာ Gu Beiyue ၏ မင်္ဂလာပွဲအကြောင်းကို ဘယ်တော့မှ သိနိုင်မည်မဟုတ်ပေ။ သူက အံ့သြတကြီးဖြင့် သူ့ကိုကြည့်ရင်း မေးလာလေသည်။ “မင်းလက်ထပ်တော့မှာလား။”

“အမ်း၊ သိပ်မကြာခင်ပေါ့။ ပြီးရင် မင်္ဂလာသေရည်  သောက်ဖို့ မင်းက ဆေးမြို့တော်ကို လာရမယ်။” ​ Gu Beiyue မှာ ဆက်ပြောရန် ဆန္ဒမရှိတော့ပဲ  ပြုံးပြကာ ထွက်သွားလိုက်သည်။

Ning Cheng နှင့် Mu Linge တို့မှာ စိတ်ထဲတွင် တူညီသော အတွေးတစ်ခုဖြင့် သူ၏ နောက်ကို စိုက်ကြည့်နေလေသည်…  Gu Beiyue က... နားလည်ရခက်တဲ့သူတစ်ယောက်ပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now