အခန်း(၁၀၉၁)
စစ်သူကြီးကို ပြောလိုက်။
ည မိုးချုပ်နေပြီဖြစ်သော်လည်း Han Yunxi တို့ အဖွဲ့မှာ ကြာမြင့်စွာ အနားယူခြင်း မပြုပဲ ကျားထောင်မှ ချက်ချင်းထွက်လာခဲ့သည်။ သူတို့က ဤနေရာ၌ မျှော်လင့်ထားသည်ထက် အချိန်ပို၍ သက်သာခဲ့သည်။လက်ရှိတွင် နင်မျိုးနွယ် တပ်များမှာ သုံးလမ်းသွားဂိတ် ကို တိုက်ခိုက်နေဆဲဖြစ်သည်။ တောင်ပေါ်မှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် Long Feiye မှာ တိုက်ခိုက်မှုများ ချောမွေ့စွာ တိုးတက်လာနေကြောင်း သတင်းရရှိခဲ့သည်။ လက်ထောက်စစ်သူကြီးရွှယ်မှာ ဂိတ်အား သိမ်းယူရန် ငါးရက်ကြာမည်ဟု ခန့်မှန်းထားသည်။ စစ်မြေပြင်တွင် မြင်းတပ်သား ၃၀,၀၀၀ မှာ အသင့်အနေအထားရှိနေပြီဖြစ်သည်။
Jun Yixie မှ သေဆုံးသွားသော သတင်းများ ပြန့်နှံ့သွားရွေ့ သုံးလမ်းသွားဂိတ်မှာ အလိုအလျောက် ပြိုလဲသွားနိုင်သည်။ ထို့အပြင် မြောက်ပိုင်းလီတောင်ပိုင်းသည်လည်း ပရမ်းပတာဖြစ်သွားနိုင်သည်။ Long Feiye မှာ Jun Yixie ၏ ခန္ဓာကိုယ်ပေါ်မှ အမိန့်ပြားကို ယူခဲ့ပြီး တစ်စုံတစ်ယောက်အား လက်ထောက်စစ်သူကြီးရွှယ်ထံ ပေးပို့ရန် အမိန့်ပေးခဲ့သည်။ ထိုနေရာရှိ စစ်သားများအတွက်တော့ ၎င်းမှာ အံ့သြစရာကောင်းသည့် သတင်းတစ်ပုဒ်ပင်။
သူတို့အဖွဲ့မှာ လက်ရှိတွင် တောင်ဘက်သို့ ခရီးထွက်လာကြပြီး လက်ထောက်စစ်သူကြီးရွှယ် နှင့် တွေ့ဆုံနိုင်သည်။ Ning Cheng ကို ကယ်တင်နိုင်ခဲ့သဖြင့်၊ Han Yunxi မှာ အရှေ့နှင့် အနောက် ချင် အကြား မဟာမိတ်အတွက် ပူပန်နေစရာမလိုတော့ပေ။အခက်အခဲများ ရှိခဲ့လျှင်တောင် ကိုင်တွယ်ဖြေရှင်းရန် Long Feiye နှင့် Ning Cheng ထံ လွှဲထားနိုင်သည်။ သူမက ပေါ့ပေါ့ပါးပါး နေခွင့်ပြန်ရလာသဖြင့် အတော်လေး ပျော်ရွှင်နေသည်။ သို့သော် သူတို့က တောင်ဘက်သို့ ဦးတည်နေစဥ် Bai Yanqing မှာ တောင်တန်းများပေါ်တွင် ရှိနေသည်ကို မည်သူမျှ မသိခဲ့ကြပေ။
သူတို့က ကျားထောင်မှ ထွက်လာချိန်တွင် Bai Yanqing မှာ အနက်ရောင်ဝတ် အစောင့်တစ်ဦးနှင့် Hao San ဖြင့် အနားသို့ ရောက်လာသည်။ Jun Yixie မှာ ထိုနေရာတွင် ဖောက်ခွဲရေးပစ္စည်းများ မြှုပ်နှံထားကာ Han Yunxi တို့ အဖွဲ့နှင့် အတူ သေချင်နေသည်ကို Hao San မှာ သိနေခဲ့သည်။ထို့ကြောင့် သူက ကြာမြင့်စွာကပင် လွတ်မြောက် နေခဲ့သည်။ ကျန်သော Jun Yixie ၏ လက်အောက်ငယ်သားများမှာမူ သေဆုံးသွာရသည်။ သို့မဟုတ် ထွက်ပြေးသွားကာ မီးအိုင်နှင့် Jun Yixie ၏ ခန္ဓာကိုယ်သာ ကျန်ထားခဲ့ကြသည်။ Bai Yanqing မှာ လျင်မြန်သော ခြေလှမ်းများဖြင့် လျှောက်သွားကာ Jun Yixie ကို အပေါ်စီးမှ ကြည့်လိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...