အခန်း(၁၀၄၆)

234 22 2
                                    

အခန်း(၁၀၄၆)

သားဖွားဆရာမများ၊ ကျားထောင်မှ မမျှော်လင့်ထားသော အဖြစ်အပျက်။








Tang Li ကို လိုက်ပို့ပြီးနောက် Long Feiye နှင့် Han Yunxi တို့မှာလည်း ထွက်လာခဲ့ကြသည်။သဘောတရားအရပြောရလျှင် သူတို့သည် ယခုအချိန်တွင် ကောင်းကင်ယံတောင်သို့ လမ်းတစ်ဝက်တွင် ရောက်နေသင့်ပြီး နောက်ထပ်လဝက်တွင် ရောက်ရှိသင့်သည်။ သို့ရာတွင် မထင်မှတ်ထားသည့် ထန်မျိုးနွယ်သို့ ခရီးဖြင့် နှောင့်နှေးသွားစေသောကြောင့် သူတို့၏ အစီအစဉ်မှာ နောက်ကျသွားတော့သည်။ ထန်မျိုးနွယ် မှ ကောင်းကင်ယံတောင်သို့ရောက်ရန် ပုံမှန်အားဖြင့် တစ်လကြာသည်။ တစ်လအတွင်း၊ တတိယမြောက်စန္ဒြလဖြစ်လိမ့်မည်။ ခရီးတွင် ဆုံတွေ့နိုင်သမျှကို ဘေးဖယ်ထားလျှင်ပင်  ကောင်းကင်ယံတောင် နှင့် သုံးလမ်းသွားမှောင်ခိုဈေးအကြား ခရီးရှည်ကြီးလည်း ရှိသည်။

အချိန်မှာ ကျပ်လွန်းသည်။

Han Yunxi ၏အဖွဲ့မှာ မြင်းလှည်းအား စွန့်လွှတ်ကာ မြေမှုန့်များတွင်း၌ မြင်းစီးသွားကြသည်။  Gu Qishao မှာ ပုန်းအောင်းနေသည်မှာ သေချာနေသောကြောင့် စုံတွဲမှာ သူက ဘယ်မှာရှိသည်ကို  မမေးတော့ပေ။ ထိုညတွင် သူတို့က မြစ်ကမ်းဘေးတွင် အနားယူရန် ရပ်တန့်လိုက်လျှင် Gu Qishao မှာ ရုတ်တရက် ပေါ်လာပြီး သူ၏ လှပသွယ်လျသော လက်ချောင်းများကို Long Feiye ဆီသို့ ဖြန့်လိုက်သည်။

"ပေးတော့…" သူက မာဆတ်ဆတ်ဖြင့် ပြောလာသည်။

သူက မနေ့ညတွင် အရူးကြီး၏ နောက်သို့ တိတ်တဆိတ် လိုက်သွားပြီး ခေါင်မိုးပေါ်တွင် ထိုင်နေကာ တောင်ပေါ်မှ ဆင်းသွားသည်ကို ကြည့်နေပြီးနောက် တိတ်တဆိတ်  အုပ်စုသို့ နောက်ပြန်လှည့်လာခဲ့သည်။ Long Feiye အား ပေးရန်အတွက် အရူးကြီးမှ Xu Donglin ထံ ပေးခဲ့သည့် သေတ္တာလေးကိုလည်း သဘာဝကျစွာပင် သူက မြင်ခဲ့သည်။ 

စကားတစ်ခွန်းမှ မဆိုပဲ Long Feiye မှာ ပစ္စည်းကို ပေးလိုက်သည်။ Han Yunxi မှာ သိချင်နေကာ Gu Qishao မှာ ရှက်ရွံ့နေခြင်းပဲ သူတို့ရှေ့တွင်ပင် သေတ္တာကို ဖွင့်လိုက်သည်။ အတွင်းတွင် အနီရောင်ကြိုးဖြင့် ချည်ထားသော ကြေးနီဒင်္ဂါးပြားတစ်ပြားကို ရှိနေသည်။ Gu Qishao မှာ အံ့အားသင့်သွားပြီးနောက်  ပြုံးလိုက်သည်။ “ကြည့်ရတာ တော်တော်ကောင်းတာပဲ မဟုတ်လား။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now