အခန်း(၁၀၇၇)

265 29 0
                                    

WARNING
------------

နှိပ်စက်ညှဉ်းပန်းမှု ဖော်ပြချက်များ ပါဝင်နေသဖြင့် သတိပြုပါ။
------------

အခန်း(၁၀၇၇)

သေးငယ်သော်လည်း ခေါင်းမာသော အပြုံးများ။






Bai Yanqing မှာ Su Xiaoyu ၏လက်ကို အတင်းအကျပ် ဖိအားပေးနိုင်မည့်အစား ယခု Su Xiaoyu မှာ သူ့ကို လှည့်စားလိုက်သည်။ သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ဤသည်မှာ သူ၏ ရှည်လျားလှသော သက်တမ်းတစ်လျှောက် သူ၏ နားရွက်တွင် တစ်စုံတစ်ယောက်မှ တံတွေးစွတ်ခြင်းပင်။

သူက အေးစက်စွာ ပြောလိုက်သည်။ “ကောင်းပြီ၊ ဒီအဘိုးကြီးက မင်းကိုယ်မင်း သေအောင် ဘယ်လို လုပ်မလဲ ဆိုတာ ကြည့်ချင်သေးတယ်။” ထို့နောက် သူက အမိန့်ပေးလိုက်သည်။ "တစ်ယောက်ယောက်၊ Ning Jing ကို ဒီအဘိုးကြီးအတွက် ခေါ်လာခဲ့..”

ထိုသည်ကိုကြားလျှင် Su Xiaoyu မှာ တင်းမာသွားတော့သည်။ သူမ၏ အမူအရာမှာ ခေါင်းမာပြီး အလျှော့မပေးပဲ လက်သီးများ ဆုပ်ထားလိုက်သည် ။ သူမ ကြောက်နေသော်လည်း လက်လျော့မည်ဟု မဆိုလိုပေ။ မဟုတ်လျှင် သူမ ဤမျှလောက်ကြာကြာခံခဲ့မည်ပင် မဟုတ်ပေ။ အမှန်တွင် သူမက စိတ်ကူးလိပ်ပြာ အိပ်မက် အကြောင်း ဘာမှမသိထားပဲ Bai Yanqing ကို လှည့်စားနေခြင်းပင် ။ ထို့ကြောင့် သူမ၏ တစ်ခုတည်းသော ဆုတ်ခွာမှုပုံစံမှာ သေခြင်းပင်။

လူတစ်ယောက်မှာ သေရန်အပြင် ရွေးချယ်စရာမရှိတော့လျှင် အရာအားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိလာသည်။သူမ အဆုံးတိုင်အောင် ခေါင်းမာပြီးရင်း ခေါင်းမာနိုင်သည်။

Bai Yanqing ၏ အေးခဲပြီး အဆိပ်ပြင်းသော အကြည့်များက ပြန်၍ စူးစူးရဲရဲ ကြည့်နေသည့် Su Xiaoyu ကို တည့်တည့် ကြည့်ကာ ထိုးဖောက်သွားမတတ်ပင်။ အပြုအမူဖြင့်ပင် သူမက အရှုံးမပေးချင်ပေ။ 

မကြာမီပင် Ning Jing ကို သူမ၏ အချုပ်ခန်းမှ ခေါ်ဆောင်လာခဲ့သည်။ ရက်အတော်ကြာ ခွဲခွာပြီးနောက် Ning Jing မှာ ပြင်းထန်သော ရောဂါဝေဒနာကို ခံစားခဲ့ရသကဲ့သို့ အလွန်ပိန်လှီနေသည်။ သူမ၏ ဖြူလျော်နေသော မျက်နှာမှာ ဖော်မပြနိုင်လောက်အောင် ဖြူဖျော့နေပြီး မျက်လုံးများမှာလည်း သွေးရောင်နီမြန်းနေသည်။ သူမ အလွန်ပင်ပန်းနေသလား သို့မဟုတ် အလွန်ငိုနေခဲ့သလား မသေချာပေ။ Tang Li သာ သူမကို ယခုကဲ့သို့ တွေ့မြင်ရလျှင် ရူးသွားလိမ့်မည် ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now