အခန်း(၁၁၁၆)

269 27 2
                                    

အခန်း(၁၁၁၆)

တာဝန်………။







ဆေးမီးဖိုသခင် နှင့် Ye Xiao တို့ကို နှုတ်ဆက်ပြီးနောက် Long Feiye နှင့် ကျန်သူများမှာ မြောက်ဘက်သို့ အရူးတစ်ပိုင်း မြင်းဒုန်းစိုင်းနှင်လာကြသည်။သူတို့ထဲက တစ်ယောက်မှ Han  Yunxi ၏ ကိုယ်ဝန်အကြောင်း နောက်တစ်ကြိမ် ထုတ်မပြောကြသကဲ့သို့ Long  Feiye မှလည်း အမှန်တရားကို ဖုံးကွယ်ခဲ့သည့်အတွက် Gu Beiyue ကို အပြစ်မတင်ခဲ့ပေ။ 

လူများမှာ နှလုံးသားထဲတွင် ကိစ္စများကို ဖုံးကွယ်ထားချိန်တွင် များသောအားဖြင့် အကြောင်းပြချက် နှစ်မျိုးသာ ရှိလေသည်။ တစ်မျိုးမှာ တစ်နေ့တွင် တုံ့ပြန်မှုအနေဖြင့် ပြင်းထန်စွာ ပေါက်ကွဲလာခြင်း မတိုင်ခင်တွင် အဖြစ်မှန်များကို ရင့်ကျက်လာ ခွင့်ပြုခြင်းပင်။နောက်တစ်မျိုးမှာ လူတိုင်းက ဦးတည်ချက်တစ်ခုတည်း ရှိနေသရွေ့ ၎င်းကို ထပ်မံ ဆွေးနွေးနေစရာ မလိုတော့၍ပင်။ ဤအမျိုးသားများအတွက်မူ ဒုတိယတစ်မျိုး ဖြစ်နိုင်သည်။

အချိန်ပေးရုံမှလွဲ၍ ခရီးတွင် အခြားမည်သည့်ကိစ္စမှ မလုပ်ခဲ့ကြပေ။ Gu Qishao မှာ ဆေးဝါးနှင့် ဆေးမြို့တော်ကို ဆက်သွယ်ထားသည့် ဖြတ်လမ်းများမှတစ်ဆင့် ရှေ့ဆုံးမှ အဖွဲ့ကို ဦးဆောင်ခဲ့သည်။ ငယ်စဥ်ကတည်းက ဤလမ်းများတွင် သူက အကြိမ်ပေါင်းများစွာ လျှောက်လှမ်းခဲ့သည်။ ရံဖန်ရံခါတွင်၊ သူက Long Feiye မှ ထိုလေးလံသော ဓားများကို မည်သို့ပုခုံးတွင် လွယ်ထားနိုင်သည်ကို အံ့သြမိသောကြောင့် ထိုအမျိုးသားထံ ပြန်လှည်ကြည့်မိသည်။ ကန်ကျန်းဓားမှာ Long Feiye ထံသို့ ပြန်ရောက်သွားသောကြောင့် မော့ရှဲ့ ဓားဝိဉာဉ်သည် ၎င်း၏ဓားအသစ်သို့ မပြောင်းမချင်း ထိုအမျိုးသား၏နောက်သို့ လိုက်နေနိုင်ဖွယ်ရှိသည်။ အသေအချာပင် ဤသို့အချိန်မျိုးတွင် ဤကဲ့သို့ကိစ္စများကို ဘယ်သူမှ ဂရုမစိုက်ကြသော်လည်း အဆိပ်ကောင်မလေးမှသာ ဤနေရာတွင် ရှိနေလျှင် ယခုအချိန်တွင် သူ့ကို ရယ်မောနေလောက်သည်။

တကယ်လို့ အဆိပ်ကောင်မလေးက ကိုယ်ဝန်ရှိနေရင် ခံတွင်းပျက်ပြီး ကောင်းကောင်းစားနိုင်ပါ့မလား။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now