အခန်း(၁၁၇၇)

262 25 0
                                    

အခန်း(၁၁၇၇)

အထူးတလည် လာရောက်ခြင်း။







Gu Beiyue မှာ နှစ်၏နောက်ဆုံးလ ၃၀ ရက်နေ့တွင် တွင်ရုတ်တရက်ပေါ်လာသည်။

"Gu Beiyue.."  Han  Yunxi မှာ အံ့သြကာ ဝမ်းသာနေသည်။ သူမက Long Feiye နှင့် ညစာစားရန် သွားခါနီးတွင် အဝေးတွင်ရပ်နေသော သူ၏ ပုံစံကို တွေ့လိုက်ရသည်။ Gu Beiyue မှာ သူတို့၏ ရှေ့သို့ ချက်ချင်းရောက်လာပြီး လက်ဆုတ်ကာ ထုံးစံအတိုင်း နှုတ်ဆက်လိုက်သည်။

"မင်းသမီး၊ အရှင့်သား...။"

Han Yunxi မှာ ထိုအချက်ကို လျင်မြန်စွာ လျစ်လျူရှုလိုက်ပြီး သူ၏ နောက်ကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။ "Gu Qishao ကော ဘယ်မှာလဲ။သူ ရှင်နဲ့ လိုက်မလာဘူးလား။"

Han  Yunxi မှာ Long Feiye ကို နှစ်သစ်ကူးပွဲကျင်းပရန် ဤနေရာ၌ အားလုံးအတူတကွ ခေါ်ခိုင်းရန် တစ်ချိန်က တွေးခဲ့ဖူးသည်။ ယမန်နှစ်က  ၃၀ရက်မြောက်နေ့တွင် သူတို့က သုံးလမ်းသွားမှောင်ခိုဈေးတွင် ကုန်ဆုံးခဲ့ပြီး လူတိုင်းမပါဝင်ခဲ့ကြသော်လည်း ပိုမိုသက်ဝင်စည်ကား နေခဲ့သည်။ သို့တိုင် Gu Beiyue နှင့် Gu Qishao တို့၏ အလုပ်များနေသည့် အချိန်ဇယားများကို ထည့်သွင်းစဉ်းစားပြီး သူမ ၎င်းကို ထုတ်မပြောတော့ပေ။ အကြံအစည်ကို အဆိုပြုလိုက်သည်နှင့် Gu Qishao မှာ ပထမဆုံး ပြေးလာမည်မှန်း သူမ သိနေသည်။

"Gu Qishao ဘယ်မှာလဲ တစ်နေရာရာမှာ ပုန်းနေတာလား။" Han Yunxi မှာ မစဥ်းစားပဲ မေးလိုက်သည်။ ထိုအမျိုးသားမှာ Gu Beiyue ဖြင့် သေချာပေါက် လိုက်လာမည်ဟု ယူဆကာ အလွန် စိတ်အခြေအနေကောင်းနေလေသည်။ "လွန်ခဲ့တဲ့ ရက်နည်းနည်း စာထဲမှာ သူက အနောက်ကျိုး ရဲ့ ကန္တာရကို သွားနေတယ်လို့ မပြောဖူးလား။ ရှင်တို့ ကျွန်မကို လိမ်နေပြန်ပြီလား ဟုတ်လား။ သူ  မုန့်တွေ ထပ်ဝယ်ဖို့ ထွက်သွားတာလား။ ကျောက်မားမားက  စားစရာအပြည့်နဲ့ စားပွဲကို ပြင်ထားပြီးသားပဲ။"

Han  Yunxi မှာ လက်ရှိတွင် Long Feiye ၏ဘေးတွင် ရပ်နေသည်။ အကယ်၍ သူမသာ သူ ၏ ဆန့်ကျင်ဘက်တွင် ရပ်နေမည်ဆိုလျှင် သူ၏ ကျုံ့နေသည့်မျက်ခုံးများနှင့် ဖြူဖျော့နေသည့်မျက်နှာကို သူမ မြင်ရလိမ့်မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now