အခန်း(၁၁၃၁)
ချီရှောက် မင်းရဲ့ ရောဂါကို ကုရမယ်။
နာလား…. သေချာပေါက် နာတာပေါ့။ Gu Qishao မှာ နာကျင်မှုကို အကြောက်ဆုံးပင်။ သို့ရာတွင် အဆိပ်ကောင်မလေးမှ မျက်ရည်များ ဝေ့သီကာ သူ့အား မေးမြန်းနေခြင်းမှာ ပို၍ နာကျင်ရသည်။ ဤသို့သော စကားမျိုး သူမ ပြောသည်ကို နားထောင်ရန် အသက်ရှင်နေရခြင်းမှာ ထိုက်တန်လေသည်။
"နာကျင်မှုက ငါ့ကို သေမလောက်ပဲ။ " Gu Qishao မှာ ဝန်ခံလိုက်သော်လည်း ရယ်မောကာ ထပ်ပြောလိုက်သည်။ “ဆိုးလွန်းလို့ ငါ့မှာ ခွန်အားမရှိတော့သလောက်ပဲ။ မဟုတ်ရင် ငါက Bai Yanqing ကို ထွက်ပြေးခွင့်ပေးမှာ မဟုတ်ဘူး။"
အမှန်တော့ ဝေဒနာက လွန်လွန်းလှသည်။ တစ်ချိန်လုံး ကြံ့ကြံ့ခံနေခဲ့သော်လည်း အဆုံးတွင်တော့ မတောင့်ခံနိုင်ခဲ့ပေ။ ၎င်းမှာ သူ့ကို အံကြိတ်မိစေသော ရှက်စရာကောင်းသည့် အမှန်တရားတစ်ခုပင်။ သူ၏ ရှုံးနိမ့်မှုကို ဝန်ခံရန် ဝန်လေးလှသည်။
" ဘာဖြစ်သွားတာလဲ။" Long Feiye မှ မေးလိုက်သည်။ Gu Qishao မဖြေခင်မှာ ထိုအမျိုးသားမှာ ထပ်ပြောလိုက်သည်။ "မင်းတကယ်အဆင်ပြေရဲ့လား။"
Gu Qishao ၏ နှလုံးသားမှာ ဖျော့တော့စွာ တုန်ရင်သွားသော်လည်း သူက ချက်ချင်း လျစ်လျူရှုလိုက်သည်။ သူ၏ နှုတ်ခမ်းကို သပ်လိုက်ရင်း ရှင်းပြလာသည်။ “ငါနဲ့ Bai Yanqing က ပြုတ်ကျတော့ ဒီတိုင်တွေရဲ့အလယ်ကို ရောက်သွားတယ်။ သူ့လက်အောက်ငယ်သားနှစ်ယောက်က ခလုတ်ဖွင့်ဖို့ တံခါးကပြေးလာပြီး သူတို့ရဲ့အဆိပ်ကိုကုသဖို့ Bai Yanqing ဆီ အကူအညီကိုတောင်းတဲ့အချိန်အထိ ဓားတွေက ငါတို့ကို တစ်ကိုယ်လုံး ဖြတ်နေတာ။ သူတို့က စစ်ထုတ်ထားတဲ့ အဆိပ်ငွေ့ကြောင့် ထိခိုက်လာတာ ဖြစ်နိုင်တယ်။”
Bai Yanqing မှာ သူ၏ လူများကို သတ်ကာ စတေးပစ်နိုင်သော အမျိုးအစားမှန်း ယခုမှ အားလုံးမှာ သဘောပေါက်သွားကြသည်။ တစ်ဖက်တွင် Tang Li မှာ မနေနိုင်ပဲ မေးလိုက်လေသည်။ "ချီရှောက်၊ Ning Jing ကိုတွေ့မိလား။"
“မတွေ့ဘူး။" Gu Qishao မှာ ပခုံးတွန့်ပြလိုက်သည်။Tang Li မှာ ဘာမှ ထပ်မပြောတော့သည်ကို မြင်လျှင် သူ၏ဇာတ်လမ်းကို ဆက်ပြောလမ်းလိုက်သည်။လျှို့ဝှက်ခန်းထဲတွင် သူနှင့် Bai Yanqing မှာ နာကျင်မှုနှင့် အရေအတွက် များပြားလှသည့် ဓါးသွားများအား အံတုနေရသည်။ သူ၏နွယ်ပင်များကို ဖြတ်တောက်လျှင်ပင် နာကျင်ရသော်လည်း ထိုဓားများမှာ သူ၏အသားကို ဖြတ်တောက်နေကြသည်။ နောက်ဆုံးတွင်၊ သူက Bai Yanqing ကို လွှတ်ပေးပြီး အခန်းထဲမှ အရင်ထွက်ပြေးကာ နောက်မှ ပြန်၍ ဖမ်းဆီးရန် စီစဉ်လိုက်သည်။ ထို့ကြောင့် သူက နွယ်ပင်များကို လက်မောင်းမှ ခွဲထုတ်ပြီး သွေးတိုက်ကျွေးနေခြင်း ရပ်တန့်လိုက်သည်။ ဓါးများမှာ ၎င်းတို့ကို လျင်မြန်စွာ တစ်ပိုင်းတစ်စစီ ဖြတ်တောက်ကာ သူတို့၏ အဝတ်များမှာ စုတ်ပြဲသွားသဖြင့် သူနှင့် Bai Yanqing တွင် ဒဏ်ရာများ ဖုံးလွှမ်းလာတော့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...