အခန်း(၁၁၇၂)

246 23 2
                                    

အခန်း(၁၁၇၂)

ရာထူးမှ အရာရှိအသစ် တစ်ယောက်၏ ပြင်းထန်မှုကို ပိုင်လီအား ပြသပါ။








Gu Beiyue နှင့် Gu Qishao တို့မှာ ဆေးမြို့တော်တွင် ဆေးဝါးများကို ခြေရာခံကာ စမ်းသပ်မှုများ လုပ်ဆောင်ရင်း နေ့ရောညပါ အလုပ်များနေသည်။ Xu Donglin မှာ Long Feiye ထံ နောက်ဆုံးရသတင်းများကို နေ့တိုင်း အမှန်အတိုင်း ပို့ပေးရသည်။ Han Yunxi ထံသို့လည်း သတင်းကောင်းသာ ပါသည့် စာတစ်စောင်တစ်စောင်  နေ့စဥ် ပို့ပေးလေသည်။

အထူးသဖြင့် Xu Donglin မှာ ထိုပစ္စည်း သို့မဟုတ် ဟိုပစ္စည်းကို တွေ့ရှိကြောင်းပြောချိန်တွင် ၎င်းမှာ သူမအား အလွန်အားရစေသည်။  သူမ၏ပျော်ရွှင်မှုကို မြင်တွေ့ရလျှင် အမှန်တရားကို ဖုံးကွယ်ရန် ခြိမ်းခြောက်ခံထားရသော Long Feiye အား သတင်းပို့ရန် အမြဲတစေ သွားတတ်သည်။

အကယ်၍ အတိတ်တွင်ဆိုလျှင် သူက ဤသို့သောလျှို့ဝှက်ချက်ကို ဘယ်တော့မှ ဖုံးကွယ်ထားမည် မဟုတ်ပေ။ သို့ရာတွင် ယခု သူမထံ ကလေးရှိနေပြီဖြစ်၍ သတိထားရမည်။ ခရီးစဉ်တစ်လျှောက်လုံးတွင် သူမ၏ အစားအသောက်ကို ဂရုတစိုက် စောင့်ကြည့်ရင်း စစ်စခန်းသို့ရောက်ရန် တစ်လခွဲကြာခဲ့သည်။ 

Long Feiye ၏အကြီးဆုံးတပ်မှာ ထျန်းနင်တွင် တပ်စွဲထားသော ပိုင်လီတပ်မတော် ဖြစ်သည်။ စစ်တပ်မှာ ထျန်းနင် မှ တောင်အလယ်ပိုင်းဒေသများအထိ ဖြန့်ကျက်ပြီး ထျန်းအန်ရှိ တပ်ရင်းငယ်များစွာလည်း ပါဝင်နေသည်။ ပိုင်လီ တပ်မတော်မှာ ၎င်းတို့အားလုံး၏ ခေါင်းဆောင်ဖြစ်သောကြောင့် ၎င်းတို့ကို ပိုင်လီစစ်တပ်ဟု စုစည်း ခေါ်ဆိုခဲ့သည်။ 

ဌာနခွဲတပ်များအပြင် ပိုင်လီ စစ်တပ်မှာ တိမ်တိုက်ကုန်းမြေကြီး၏ တစ်ခုတည်းသော ရေတပ်ကိုလည်း ထိန်းချုပ်ထားသည်။ သူတို့၏ လက်ရှိအခြေအနေများမှ ဆုံးဖြတ်ရလျှင် Long Feiye ၏ အင်အား အကောင်းဆုံးတပ်များကို ဤတပ်များဖြင့် စုစည်းထားသည်။

လက်ရှိတွင် ပိုင်လီ ရေတပ်မှာ မြောက်ပိုင်းလီ၏ မြောက်ဘက်ပင်လယ် အရှေ့ဘက်ကမ်းရိုးတန်းတွင် ရှိနေသေးသည်။ Long Feiye မှ အမိန့်ပေးလိုက်သရွေ့ သူ့တိုက မြောက်ပိုင်းတပ်များနှင့် Ning Cheng ဖြင့် ပူးပေါင်းပြီး တိုင်းပြည်ကို သိမ်းယူနိုင်သည်။ သို့ရာတွင် Long Feiye နှင့် Ning Cheng တို့၏ သဘောတူညီချက်ကြောင့် ရေတပ်မှာ ဆိပ်ကမ်းတွင် လပေါင်းများစွာ စောင့်ဆိုင်းနေရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now