အခန်း(၁၀၆၈)

279 29 0
                                    

အခန်း(၁၀၆၈)

သူက အတု။







အကျဉ်းခန်းအလွတ်ကို ကြည့်ရင်း ဒုတိယနှင့် တတိယ အကြီးအမှူး နှစ်ယောက်စလုံးမှာ လူတစ်ယောက်ကို တွေးမိလိုက်သည်။- အဲဒီမိန်းမ။

Long Feiye မှာ အထိအခိုက်မရှိသော သော့ကို ကြာမြင့်စွာကပင် သတိပြုမိပြီး ပြောလိုက်သည်။ "သူ့ကို ဒီနေရာကနေ ဘယ်သူ ခေါ်ထုတ်သွားလဲ။"

“အဲဒါ…” ဒုတိယ အကြီးအမှူးမှာ ဘယ်လိုဖြေရမှန်း မသိတော့သည့်အတွက် တိုက်ရိုက်သာ ဖြေလိုက်သည်။ “လွန်ခဲ့တဲ့လနည်းနည်းလောက်တုန်းက မိန်းမတစ်ယောက်ကို  ဂိုဏ်းခေါင်းဆောင်က ခေါ်လာခဲ့တယ်။ သူမက အနက်ရောင်ပိတ်နဲ့ မျက်နှာဖုံး အမြဲဝတ်ထားတာကြောင့် မျက်နှာကို ငါတို့ တစ်ခါမှ မမြင်ဖူးပါဘူး။ ဂိုဏ်းခေါင်းဆောင်က သူမကို အပြည့်အဝယုံကြည်ခဲ့ပြီး သူမကလည်း ဒီအကျဥ်းခန်းရဲ့ သော့ကို ပိုင်ထားတယ်။ သူမက သူ့ကို ခေါ်သွားတာဖြစ်ရမယ်။"

"ဟုတ်​တယ်​ ဒါ သူမဖြစ်​ရမယ်​။ ငါတို့ အကြီးအကဲတွေအပြင် သူမမှာပဲ သော့ပဲရှိတယ်။” တတိယ အကြီးအမှူးမှ လျင်စလိုပြောလိုက်သည်။

အကယ်၍ သူတို့မသေချင်လျှင် ယခုတွင် အမှန်အတိုင်းပြောရန် အပြင် အခြားရွေးချယ်စရာမရှိပေ။

"သူမက ဘယ်သူလဲ။" Han Yunxi မှ မေးလိုက်သည်။

“သူမရဲ့ ဇစ်မြစ်ကို ငါတို့လည်း မသိဘူး။ ဒါပေမယ့် သူမက ကောင်းကင်ယံတောင်နဲ့ အရမ်းရင်းနှီးတယ်။သူမက ဂိုဏ်းဝင်ဖြစ်နိုင်ချေရှိတယ်။” ဒုတိယအကြီးအမှူးမှ ပြောလိုက်သည်။

Bai Yanqing ၏ မျက်လုံးကို ဖမ်းစားနိုင်မည့် အမျိုးသမီးများ ကောင်းကင်ယံတောင်တွင် အများအပြား ရှိနေသည်။ ထိုသူမှာ ပညတ်ခြံဝန်း၏ တပည့်တစ်ဦးဖြစ်မလား။

"Bai Yanqing က ဘယ်သွားတာလဲ။" Han Yunxi  မှ မေးလိုက်သည်။

အကြီးအမှူး နှစ်ယောက်မှာ နားမလည်နိုင်ပေ။ Bai Yanqing ကဘာလဲ။

"ရှင်တို့ဂိုဏ်းခေါင်းဆောင်… သူဘယ်သွားတာလဲ။" Han Yunxi  မှာ အေးစက်စွာမေးလိုက်သည်။Bai Yanqing မှာ ဖြေရှင်းရန် အရေးကြီးကိစ္စများ မရှိလျှင် ဘယ်လိုထွက်သွားနိုင်မည်လဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now