အခန်း(၁၁၄၉)

256 29 2
                                    

အခန်း(၁၁၄၉)

ခင်ဗျားက လူကြီးလူကောင်းပဲ။







Long Feiye မှ သူတို့၏ပတ်ဝန်းကျင်တွင် တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် Han  Yunxi မှာ အဆိပ်ရည်ကိုးစက်ကို ပြန်လည်စုပ်ယူရန် သူမ၏ အဆိပ်သိုလှောင်မှုနေရာလွတ်ကို အသက်သွင်းလိုက်သည်။သို့သော် အလုပ်မဖြစ်တော့ပေ။ အဆိပ်ရှိမျက်ရည်စက် ကိုးစက်လုံးမှာ ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် သူမ၏ ဆွဲငင်အားကို တွန်းလှန်နေပုံရသည်။ 

ဘာတွေဖြစ်နေတာလဲ။

Bai Yanqing လား။

Han Yunxi မှာ ထိုလူကို ကြည့်လိုက်လျှင် သူကလည်း ပတ်ဝန်းကျင်ကို စစ်ဆေးရင်း ထပ်တူထပ်မျှ အံ့သြနေသည်ကို တွေ့လိုက်ရသည် ။

တကယ်လို့ Bai Yanqing မဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ။ အဆိပ်ဂိုဏ်းရဲ့ နောက်ထပ် မိဘမဲ့တစ်ယောက်လား။ Gu Qishao နှင့် Gu Beiyue တို့မှာလည်း သတိထားလိုက်ကြသည်။ 

Bai Yanqing မှာ အမှန်တကယ်ကို အံ့သြနေသည်။Han Yunxi မှ စိတ်ကူးလိပ်ပြာအိပ်မက်ကို ထုတ်လိုက်ချိန်တွင် သူက စိတ်ကူးလိပ်ပြာအိပ်မကို သူ၏ အဆိပ်သိုလှောင်ခန်းထဲသို့ လျှို့ဝှက်စွာ စုပ်ယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အဆိပ်သိုလှောင်မှု အဆင့်တိုင်းတွင် အဆင့်အမျိုးမျိုးရှိသည်။Han Yunxi  မှာ အဆင့်သုံးတွင် သူ့ထက် သန်မာကြောင်း ထင်ရှားနေသည်။

ဒါပေမယ့် သူမဟုတ်ရင် ဘယ်သူလဲ။

“သူတို့ကို ပြန်ပေးလိုက်…” Long Feiye မှာ Han Yunxi နှင့်အတူ လေထဲသို့ ပျံဝဲရင်း ရေရွတ်လိုက်သည်။ သို့သော် ထိုစက္ကန့်ပိုင်းအတွင်းတွင် မျက်ရည်စက်ကိုးစက်မှာ ပြန့်ကျဲနေသွားပြီး အနက်ဝတ်လူများမှာ သူတို့ပတ်ဝန်းကျင်တွင် ပေါ်လာသည်။

ဒီ…

Long Feiye နှင့် Han Yunxi တို့မှာ ထိတ်လန့်သွားကြကာ နောက်တစ်ကြိမ် ထပ်၍ ဆင်းသက်လာသည်။ Gu Beiyue မှာ သူတို့ဘေးနားသို့ အလျင်အမြန် ရွှေ့လာသည်။ 

"ဒီလူတွေက တကယ့်လူတွေလား ဒါမှမဟုတ် ပုံရိပ်ယောင်တွေလား။" Gu Beiyue မှာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now