အခန်း(၁၀၃၆)

239 24 0
                                    

အခန်း(၁၀၃၆)

စိတ်အနှောင့်အယှက် ဖြစ်စရာ ရလဒ်များ။








Han Yunxi မှာ အလွန်အရေးကြီးသော ကိစ္စတစ်ခုကို သတိရမိသည်မှာ Long Feiye ၏ အနာဂတ်နိုင်ငံနှင့် တိုင်းပြည်ကို သက်ရောက်စေမည့် ကိစ္စတစ်ခုပင်။ ၎င်းမှာ သားတစ်ယောက် ပင်။

သူမ၏ သွေးခုန်နှုန်း စမ်းသပ်ရန် အခြားလက်တစ်ဖက်ကို အင်္ကျီလက်များမှ ဂရုတစိုက်ဆန့်ထုတ်လိုက်သည်။သူမက ကိုယ်ဝန်အတွက် လျှို့ဝှက်ပြင်ဆင်နေခဲ့သည်။လက်ဖက်ရည် ရှောင်ကာ သွေးထဲတွင် သံဓာတ်စုပ်ယူမှုကို ထိခိုက်စေခြင်း ရှောင်ရှားကာ သွေးအားနည်းရောဂါ ကာကွယ်ခဲ့သည်။  လွန်ခဲ့သည့် ရက်အနည်းငယ်တွင် အလုပ်များလွန်းသဖြင့် သူမ၏ချီ နှင့် သွေး နှစ်ခုစလုံး အနည်းငယ် ချို့တဲ့နေခဲ့သည်။မြောက်ပိုင်းသို့ စစ်ရေးခရီးအတွက် ကြိုတင်ပြင်ဆင်မှုများကြောင့် သူမ၏လစဉ်သူငယ်ချင်းလေးမှာ ပုံမှန်လည်ပတ်ချိန်မှ နောက်ကျနေသည်ကို သတိပြုမိရန် အချိန်မရှိခဲ့ပေ။

ဖြစ်နိုင်မလား…

Han  Yunxi မှာ သူမ၏သွေးခုန်နှုန်းကို စမ်းသပ်နေစဉ် စိတ်လှုပ်ရှားနေသည့် အမူအရာကို ၀တ်ဆင်ထားသည်။ သို့သော် မကြာမီရလဒ်များတွင် ကိုယ်ဝန်သွေးခုန်နှုန်းမရှိသောကြောင့် သူမအား စိတ်ပျက်အားလျော့သွားစေတော့သည်။ ခေတ်မီနည်းလမ်းများနှင့် စမ်းသပ်မှုများပင်လျှင် ကိုယ်ဝန်ရှိကြောင်း ကောင်းစွာသိရှိနိုင်စေရန် အာမခံချက်မရှိပေ။ အကောင်းဆုံးလုပ်ဆောင်ရန်မှာ သွေးစစ်ခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းဖြစ်သောကြောင့် Han Yunxi မှာ ရလဒ်များမရှိခြင်းကြောင့် လုံးဝစိတ်ပျက်သွားခြင်းတော့မရှိပေ။ သူမက ပို၍ တင်းမာပြီး စိတ်မသက်မသာသာ ခံစားလိုက်ရသည်။ စောင့်ဆိုင်းခြင်းထက် ထိုကိစ္စများအား ကြိုတင်ခန့်မှန်းရန် နည်းလမ်းမရှိပေ။

လက်ကို ရုတ်သိမ်းလိုက်ပြီး Han  Yunxi မှာ သူမအား တင်းတင်းဖက်ထားကာ လွှတ်မပေးသော Long Feiye ၏ မျက်နှာသို့ လှည့်လိုက်သည်။ သူမက သူနှင့် နှာဖျားချင်း ထိလုနီးပါး နီးကပ်နေခဲ့သည်။ သူ၏ ချောမောသော မျက်နှာအား ကြည့်ရင်း သူတို့၏ ရင်သွေးများမှာ ဘယ်လိုပုံစံဖြစ်မလဲဆိုသည်အား မနေနိုင်ပဲ စိတ်ကူးကြည့်မိသည်။ မိန်းကလေးလား ယောက်ျားလေးလား။ သူတို့က သူနှင့် ပိုတူမှာလား။ သူမနဲ့ ပိုတူမှာမလား။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now