အခန်း(၁၁၇၉)

275 34 2
                                    

အခန်း(၁၁၇၉)

စိတ်လှုပ်ရှားတုန်လှုပ်ဖွယ်ရာ အကောင်းဆုံး အခိုက်အတန့်။




Han Yunxi က မွေးတော့မယ်။

Chu Xifeng ၏သတင်းကိုကြားပြီးချင်းတွင် Long Feiye မှာ သူ၏စာများကို လွှင့်ပစ်လိုက်ပြီး တဲထဲမှ ပြေးထွက်လာသည်။ 

Han  Yunxi  မှာ မနက်အိပ်ရာ နိုးလာစဖြစ်ကာ နံနက်စာပင် မစားရသေးပဲ ဗိုက်နာခြင်း ခံစားရလာသည်။ ဤမျှ လျှင်မြန်စွာ ကိစ္စများ ဖြစ်ပျက်လာလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။ စတုတ္ထ သခင်မလေးရမ်မှာ စစ်ဆေးမှုအပြီးတွင် သဘောတူခဲ့သည်။ သူမက Han Yunxi အား မွေးဖွားရန်အတွက် ခွန်အားပိုမိုရှိနေစေရန်အတွက် မနက်စာကို အမြန်အပြီးသတ်ရန် တိုက်တွန်းလိုက်ပြီး၊ ထို့နောက်တွင်  ကြက်စွပ်ပြုတ်ပူပူနွေးနွေးတစ်ခွက် ချက်ချင်း ပြင်ဆင်ရန် ကျောက်မားမား ထံပြောကာ အစေခံများနှင့် သူနာပြုများအား မီးဖွားရန်အတွက် လိုအပ်သောပစ္စည်းများကို စုဆောင်းရန် ညွှန်ကြားလိုက်သည်။

မကြာခင်အားလုံးပြင်ဆင်ပြီးသွားသည်။ တိမ်တိုက်ကုန်းမြေကြီး၏ နံပါတ်တစ် သားဖွားမီးယပ် သမားတော်အနေဖြင့် စတုတ္ထ သခင်မလေးရမ် သည်လည်း အဆင်သင့်ဖြစ်နေပြီပင်။ သို့တိုင် Han Yunxi မှ သူမ၏ဗိုက်နာသည်ဟု ပြောလာချိန်တွင် လူတိုင်းမှာ စိတ်လှုပ်ရှားတုန်လှုပ် သွားကြတော့သည်။ထို့အတွက်ကြောင့် Long Feiye ထံ ချက်ချင်းအကြောင်းကြားရန် မေ့သွားကြတော့သည်။ Han Yunxi မှာ မယုံနိုင်လောက်အောင် တင်းမာနေလေသည်။ သူမ၏ ဘဝတွင် အရာအားလုံးနီးပါးကို လုပ်ဆောင်ခဲ့ပြီး ပြသနာမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း ကလေးမမွေးခဲ့ဖူးပေ။

အစေခံများသည် Long Feiye ကို အကြောင်းကြားပြီးပြီဟု ယူဆကာ နာကျင်မှုကို သည်းခံပြီး  စိုးရိမ်တကြီးဖြင့် တဲကြီးထဲတွင် ရှေ့လျှောက်နောက်လျှောက် လုပ်နေသည်။ ကျောက်မားမားမှာ တဲထဲမှ ပြေးထွက်ကာ မီးဖိုချောင်ဘက်သို့ သွားနေစဉ်တွင် Chu Xifeng ဖြင့် တိုက်မိကာ သူက အသေးစိတ်အချက်အလက်များကို သိရှိပြီးနောက် ချက်ချင်းဆိုသလို အရှင့်သားထံ သတင်းပေးလိုက်ခြင်းပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now