အခန်း(၁၀၂၀)

273 34 2
                                    

အခန်း(၁၀၂၀)

သူမကို တစ်ခု ခွင့်ပြုပါ….







Han Yunxi ၏ ခန္ဓာကိုယ်အတွင်းရှိ လျှိုဝှက်နေသော ဇာမဏီစွမ်းအင်မှာ အမှတ်မထင် ဆင့်ခေါ်ခြင်း ခံရကာ ၎င်း၏စွမ်းအားမှာ ကောင်းကင်မီး၏ ပြင်းထန်မှုအား စိန်ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းမှာ Han Yunxi အား မီးဖြင့် စမ်းသပ်မှုတစ်ခုအဖြစ် လွှမ်းခြုံလာသည်။ သူမက ပြန်လည်မွေးဖွားရန် သုံးရက်လိုအပ်သည်။ ၎င်းမှာ အလွန် ကောင်းမွန်သော အခွင့်အရေးဖြစ်သည်။ နောက်ဆုံးတွင်၊ သူမ၏ စုံတွဲကျင့်ကြံမှုမှာ Long Feiye နှင့် သူမအတွက် အကျိုးရှိ လေသည်။ ပုံမှန်အတိုင်း အောင်မြင်ခဲ့လျှင်ပင် သူမ၏ နိဗ္ဗာနနှလုံးသား ကျင့်စဥ် နှင့် ကောင်းကင်ယံတောင်၏ ဓားပညာတို့ကိုသာ ထိန်းချုပ်နိုင်လိမ့်မည်။သို့သော်၊ သူမက ဤနောက်ဆုံးစမ်းသပ်မှုအား အောင်မြင်ခဲ့လျှင် ဇာမဏီစွမ်းအင်ကိုပါ ထိန်းချုပ်နိုင်လိမ့်မည်။ ထို့နောက် သူမနှင့် Long Feiye တို့မှာ ကိုယ်ခံပညာအရ ပခုံးချင်းယှဉ် ရပ်လာနိုင်လိမ့်မည်။

ကံမကောင်းစွာဖြင့်၊ အခွင့်အရေးမှာ ကြောက်မက်ဖွယ်အချိန်တစ်ခုတွင် ရောက်လာသည်။

သုံးရက်သုံးညကြာ မီးစိမ်ခံရခြင်းမှာ Long Feiye နှင့် သူမ၏ စုံတွဲကျင့်ကြံမှုအား ဖြတ်တောက်ပစ်ရမည်ဟု ဆိုလိုသည်။ သူနှင့် Gu Qishao မှာ မီးဖိုမှ မီးတောက်များ၏ တုံ့ပြန်မှုဒဏ်ကို ခံစားခဲ့ရပြီး  ယင်းအတွက် အလွန်အားစိုက်ထုတ်ခဲ့ကြသည်။ အဆုံးတွင် သူတို့က ဤစမ်းသပ်မှုမှ မလွတ်မြောက်နိုင်သေးပေ။သူတို့၏ စုံတွဲကျင့်ကြံမှု ရပ်တန့်ရခြင်းထက် သူတို့အတွက် ကြီးမားသော  အခြားဘေးဥပဒ်မှ မရှိနိုင်ပေ။

စုံတွဲကျင့်ကြံရန် သတ်မှတ်ထားသည့် အချိန်မတိုင်မီ ခြောက်နာရီကျန်သေးသည်။ Han Yunxi မှာ မည်သို့ သုံးရက်နှင့် သုံးညတာ တောင့်ခံ နေရမည်လဲ။စုံတွဲကျင့်ကြံမှု ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက်တွင် ဇာမဏီစွမ်းအင်က သူမအား တုံ့ပြန်မှုတစ်ခုဖန်တီးပြီး သွေဖယ်သွားလိမ့်မည်။ သေချာသည့်တစ်ခုမှာ သူမက ပြာကျသွားလိမ့်မည်။ Long Feiye ၏ဘဝသည်လည်း ဆိုးရွားသွားပေလိမ့်မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now