အခန်း(၁၀၆၃)

294 29 2
                                    

အခန်း(၁၀၆၃)

ဖိအား၊ အရှုံးပေးစေရန် လုံလောက်စွာ ပြင်းထန်သော။








ရလဒ်အနေဖြင့် ဆူးနွယ်များမှာ Gong Beichen ၏ အဝတ်အစားများအား တစ်စစီ ဆုတ်ဖြဲ လိုက်တော့သည်။ သူ၏ အဝတ်ထဲတွင် ဝှက်ထားသော အဆိပ်ပုလင်းများနှင့် အဆိပ်ဖြေဆေးအားလုံးမှာ ဓါးနှင့်အတူ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

ဆွဲဆောင်မှုရှိစွာ နီမြန်းနေသည့် ဝတ်စုံမှာ တစ်စစီ ဆုတ်ပြဲသွားသော်လည်း အတွင်းဝတ်ရုံနှင့် ကြားရှိ အလွှာမှာ စုတ်ပြတ်ကာ ကျန်ခဲ့လေသည်။ အကယ်၍ အဆိပ်ကောင်မလေးမှာ အနီး၌ ရှိမနေလျှင် Gu Qishao မှာ ထိုအမျိုးသား၏ ဘောင်းဘီကိုလည်း ယူသွားပေလိမ့်မည်။ သူ၏ဆူးနွယ်ပင်များမှာ သူတို့၏သခင်ကဲ့သို့ မာနကြီးကာ ၀တ်ရုံအကြွင်းအကျန်များကို လေထဲတွင် ဝှေ့ယမ်းနေကြသည်။ သူ၏ ခါးတွင် ရစ်ပတ်ထားသော ဆူးနွယ်ပင်ကို စိုက်ကြည့်ရင်း၊ Gong Beichen မှာ ကြောက်စိတ်ဖြင့် အရှက်တရားတွေကြားတွင် ဗျာများကာ မျက်နှာမှာ နီမြန်းလာသည်။Cang Xiaoying မှာလည်း နှလုံးသားတွင် စိတ်ပျက်အားငယ်စွာ သူ့ကို စိုက်ကြည့်နေသည်။ သူမ၏ တစ်ခုတည်းသော ဖြေသိမ့်မှုမှာ Han Yunxi နှင့် ကျန်သူများမှ သူမနှင့် Gong Beichen မှာ ချစ်သူများဖြစ်ကြောင်း မသိခဲ့ကြခြင်းပင်။

Gu Qishao မှ ကောင်းကင်သို့ ပျံတက်သွားစဥ် Gong Beichen မှာ  သူ၏လက်ထဲမှ အဆိပ်ဖြေဆေးပုလင်းကို ကိုင်ထားကာ အော်ဟစ်လိုက်လေသည်။ "Gu Qishao၊ မင်းအဆိပ်တွေ အာနိသင် ပြလာတော့မယ်။ မင်းငါ့ကို လွှတ်ပေးရင် ဖြေဆေးပေးမယ်။"

Han Yunxi နှင့် Long Feiye တို့၏ နောက်မှ လိုက်ပါလာသော အနီရောင် ဝတ်ရုံဖြင့် တစ်ဦးတည်းသော အမျိုးသားမှာ Gu Qishao ဖြစ်ကြောင်းတော့ Gong Beichen မှာ သိနေသေးသည်။ 

သို့ရာတွင် Gu Qishao မှာ သူ၏ အဆိပ်ဖြေဆေးကို ကန်ထုတ်ကာ နှာခေါင်းရှုံ့လိုက်သည်။ "မင်းရဲ့ အဆိပ်ဖြေဆေးကို ဘယ်သူလိုချင်လို့လဲ။"

သူက အဆိပ်ကောင်မလေးမှ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ထားသော အဆိပ်ဖြေဆေးကို စားရရန် ရှားရှားပါးပါး အခွင့်အရေး ရရှိခဲ့သောကြောင့် ဝင်ရောက်စွက်ဖက်သူ မည်သူမဆိုမှာ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ Gong Beichen မှာ လူထူးဆန်းတစ်ယောက်ကို မြင်နေရသလို သူ့ကို ထူးဆန်းစွာကြည့်နေလေသည်။ Gu Qishao မှာ သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ဒါဆို ငါ ဘယ်အရေပြားက အရင်စရမလဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now