အခန်း(၁၁၆၁)
ဘယ်သူက ဒုက္ခ ပိုရှာတာလဲ။
တိတ်ဆိတ်သောညချမ်းပင်။
ညစာစားပြီးနောက် Long Feiye မှာ Han Yunxi အား အထူးတလည်လမ်းလျှောက်ရန် ခေါ်သွားခဲ့သည်။ယခုအချိန်သည် ဆောင်းဦးနှောင်းပိုင်းဖြစ်၍ ဆေးပညာသင်တန်းကျောင်း၏ အနောက်ဘက်တောင်တန်းများမှာ ညဘက်တွင် အလွန်အေးနေသည်။ ထို့ကြောင့် Long Feiye မှာ သူမကို အပြင်သို့ ခေါ်သွားခြင်း မပြုပဲ ခြံဝန်းအတွင်းသာ လမ်းလျှောက်နေသည်။ သူတို့၏ ပတ်ပတ်လည်ရှိ ခြံစည်းရိုး နံရံများဖြင့် သစ်ပင်များအား ဖြတ်တိုက်လာသော လေမှာ ညင်သာကာ အပူချိန်မှာ သင့်တော်ရုံပင်။
တစ်ပတ် လမ်းလျှောက်ပြီးနောက် Long Feiye မှ ပြောလိုက်သည်။ “ဒီနေ့ ကိုယ်တို့ လမ်းလျှောက်တာ လုံလောက်ပြီမလို့ ပြန်သွားအနားယူရအောင်။ ကိုယ်က မီးဖိုချောင်ကို စွပ်ပြုတ်နည်းနည်းချက်ဖို့ ပြောထားပြီးပြီမလို့ မအိပ်ခင် ကုန်အောင် သောက်လိုက်ဦး။"
"လမ်းလျှောက်ချိန်.. ရှင် အဲ့ဒါကို တွက်ပြီးပြီလား။" Han Yunxi မှာ မယုံနိုင်လောက်အောင် ဖြစ်နေလေသည်။ သူက အရမ်း အလုပ်ရှုပ်နေတာမဟုတ်ဘူးလား။ ငါ့ရဲ့နေ့စဉ်လေ့ကျင့်ခန်းအချိန်ကို တွက်ချက်ဖို့ သူ့မှာ ဘယ်အချိန်ရှိနေတာလဲ။
“စတုတ္ထ မိန်းကလေးရမ်က မင်းကို ပေးခဲ့တဲ့ စာအုပ်လေးထဲမှာ အဲဒါတွေ အားလုံးကို ရေးထားတယ်။ မင်းအားတဲ့အခါ မနက်ဖြန်ကြည့်လိုက်။” Long Feiye မှ ပြန်ဖြေလိုက်သည်။
Han Yunxi မှာ မယုံကြည်နိုင်သေးပဲ မျက်ခုံးပင့်ပြလိုက်သည်။ သူက ပြောင်းလဲလာသော အမျိုးသားတစ်ဦးဖြစ်လာသကဲ့သို့ သူမ ခံစားမိကာ ကိုယ်ဝန်မရှိ သေးသည့်နေ့ရက်များကို လွမ်းဆွတ်စပြုလာသည်။ Long Feiye မှာ သူမက ကူကယ်ရာမဲ့ ခေါင်းညိတ်ပြသည်အထိ အဓိပ္ပါယ်ရှိသော အကြည့်ဖြင့်သာ စိုက်ကြည့်နေလေသည်။ "ကျွန်မ မှတ်ထားပါ့မယ်။"
အခန်းထဲမဝင်ခင် Han Yunxi မှာ အရိပ်အစောင့်တစ်ယောက်ကို မေးလိုက်သည်။ "Su Xiaoyu ပြန်လာပြီလား။"
“မလာသေးပါဘူး။” အစောင့်မှ ပြန်ဖြေလိုက်သည်။
"သူမက ဘာလို့ ဝင်္ကပါထဲမှာ နေခဲ့တာလဲ။ Bai Yanqing ကို လက်စားချေဖို့လား။” Han Yunxi မှာ စဥ်းစားနေသည်။ ဆရာယူခြင်းသည် Bai Yanqing အား လက်စားချေခြင်းဖြင့် ယှဉ်လျှင် ဒုတိယသာဖြစ်ကြောင်း ယုအာလေးမှာ သူမထံ ပြောပြခဲ့သည်။ Han Yunxi မှာ Han Chen အပေါ် ခံစားချက်မရှိသော်လည်း Su Xiaoyu အား လက်ထဲတွင် ထိခိုက်လာမည်နိုင်မည် မဟုတ်ကြောင်း ထိုလူကို ကောင်းစွာ ယုံကြည်ခဲ့သည်။
![](https://img.wattpad.com/cover/349773167-288-k148815.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...