အခန်း(၁၁၄၈)

224 25 2
                                    

အခန်း(၁၁၄၈)

တစ်ခြား ဘယ်သူ ဖြစ်နိုင်မှာလဲ။







Gu Qishao ၏အဖြေမှာ Bai Yanqing ကို ကျယ်လောင်စွာ ရယ်မောစေခဲ့သည်။

"မင်းသေတဲ့အထိစောင့်နေ။ ဒီအဘိုးကြီးက မင်းအဆိပ်ကို ကုပေးမှာ မဟုတ်ဘူး။" အမှန်တွင် Bai Yanqing ထံ အရည်အချင်း  ရှိလျှင်တောင် သူ့တွင် အဆိပ်ဖြေဆေး စပ်ရန် ပစ္စည်းများ မရှိပေ။ အသေးလေးမှာ သူ၏ အဆိပ်သိုလှောင်ခန်း တစ်ခုလုံးကို အပြောင်ရှင်းခဲ့သည်။

"ခင်များ ပါးစပ်ပိတ်ထား။" Gu Qishao မှာ Bai Yanqing ၏ မျက်နှာကို ရိုက်မိသည်အထိ နွယ်ပင်ကို လွှတ်လိုက်သည်။ 

Bai Yanqing မှာ ပါးစပ်ကို ပိတ်လိုက်တော့သည်။သူက ပြပွဲကို စောင့်နေရုံပင်။

Gu Beiyue ၏ ရင်ဘတ်ပေါ်ရှိ သွေးများ အားလုံး မည်းနက်လာပြီး သူ့ကို ပေပွသွားစေသည်။ Long Feiye မှာ ယခု Bai Yanqing အား ကိုင်တွယ်ရန် အချိန်မရှိပေ။ သူက Han  Yunxi ကို မြေကြီးပေါ်ချပေးကာ ပြောလိုက်သည်။ "အဆိပ်သားရဲရဲ့သွေးက အဆိပ်ရာပေါင်းများစွာကို ကုသပေးနိုင်တယ်။"

၎င်းကို သတိရသွားလျှင် Gu Qishao မှာ ဝမ်းသာသွားတော့သည်။ သူတို့က အသေးလေး၏ သွေးကို ယူနိုင်သရွေ့တော့ အဆိပ်သားရဲကို ဒုက္ခများစွာ မဖြစ်စေပဲ အဆိပ်ကို ပျောက်ကင်းစေနိုင်သည်။ ထိုစဥ်က၊ Long Tianmo ကို ကုသရန်အတွက် အသေးလေး၏သွေးကို အဆိပ်ကောင်မလေးကိုယ်တိုင်မှ ယူဆောင်ခဲ့သည်။ ယခုတော့ အသေးလေးမှာ ​​ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။ 

သူ၏ အဆိပ်ကို သူတို့သုံးနေသရွေ့ အသေးလေး၏ အဆိပ်အစွယ်များမှာ အသုံးမဝင်နိုင်တော့ပေ။ သူက ပြန်လည်ရယူရန် အချိန်ထပ်မံယူရ တော့မည်ဖြစ်သည်။

"Long Feiye၊ လုပ်လိုက်တော့…" Gu Qishao မှ အော်လိုက်လေသည်။

"အရှင့်သား.. မလုပ်ပါနဲ့။" Gu Beiyue မှာ သူ့ကို တားမြစ်လိုက်သည်။ အကယ်၍ Long Feiye မှာ အသေးလေး၏ သွေးကိုယူရန် ထိခိုက်စေခဲ့မည်ဆိုလျှင်၊ သူက အချည်းအနှီး ထိခိုက်ဒဏ်ရာ ရသွားခြင်း ဖြစ်လိမ့်မည်။ အသေးလေးမှာ သူ့ကို ဆန္ဒအလျောက် ကယ်မလားဆိုသည်အား လောင်းကြေးထပ်ရန် သူက ကြိုးစားနေသည်။ သူ၏ အပြုအမူများမှာ သတ္တဝါအား  သတိပြန်ဝင်လာစေရန် မျှော်လင့်မိသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now