အခန်း(၁၁၈၀)

280 27 2
                                    

အခန်း(၁၁၈၀)

လုံဖေးယဲ့က ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတယ်။







Long Feiye မှာ ချက်ချင်း အထဲကို အပြေးအလွှား ဝင်ချင်နေသော်လည်း Han  Yunxi  မှ သူ့ကို အပြင်တွင် စောင့်နေရန် ပြောထားသည်ကို သတိရကာ ရပ်လိုက်သည်။ ထိုအချိန်တွင် ကျောက်မားမားမှာ မျက်နှာတွင် အပျော်များ အပြည့်ဖြင့် ထွက်လာလေသည်။ "အရှင့်သား၊ အရှင့်သား မင်းသမီးက မွေး…."

"သူမ အဆင်ပြေရဲ့လား။" Long Feiye မှ ဖြတ်ပြောလိုက်လေသည်။

ကျောက်မားမားမှာ အံ့အားသင့်သွားတော့သည်။နန်းတော်တွင်း၌ သူမ၏ နှစ်များတစ်လျှောက်လုံးတွင် ဧကရာဇ်မှာ မီးဖွားပြီးနောက် ဧကရီ သို့မဟုတ် ကိုယ်လုပ်တော်၏ ကံကြမ္မာထက် ကလေး၏ လိင်ကို အမြဲတစေ ပို၍ စိတ်ဝင်စားကြောင်း သူမအား သင်ကြားခဲ့သည်။

ဤသည်မှာ တော်ဝင်မျိုးနွယ်တိုင်းအတွက် ကြီးကျယ်ခမ်းနားသော အခိုက်အတန့်ဖြစ်သည်။မင်းသမီး၏အခြေအနေကို အရှင့်သားမှာ မေးမြန်းလာမည်ဟု မည်သူက မျှော်လင့်ထားမည်လဲ။

ကျောက်မားမားမှာ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ “စတုတ္ထ သခင်မလေးရမ်က ကိစ္စအားလုံး ချောချောမွေ့မွေ့ရှိပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မိခင်ရဲ့ ဘေးကင်းမှုကို အတည်ပြုဖို့ အချိန်နည်းနည်းကြာအောင် စောင့်ကြည့်ရပါဦးမယ်။"

"ပြီးတော့ ကလေး…” Long Feiye မှာ ထပ်မံ မေးလိုက်သည်။ သို့သော် သူက ကလေး၏ကျန်းမာရေးကို ကျား၊မ ဆိုခြင်းထက် ပို၍ စိတ်ဝင်စားလေသည်။

"လုံခြုံပါတယ်၊ လုံခြုံပါတယ်။" ကျောက်မားမားမှာ  မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။ သူမက ဂုဏ်ပြုလိုက်သည်။ “အရှင့်သား မင်းသမီးက အရှင့်သားအတွက် ယောကျာ်းလေး မွေးပါတယ်။ သားတစ်ယောက်ပါ။"

Long Feiye မှာ အလွန် စိတ်လှုပ်ရှားနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေ လေသည်။ ၎င်းမှာ သူ၏ ဘဝတွင် ပထမဆုံး အကြိမ် ဘာလုပ်ရမည်မှန်းမသိ ခံစားနေရခြင်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ သူက ဘာပြောရမလဲ၊ ဘာလုပ်ရမလဲ မသိတော့ပေ။ သူ၏ မျက်​နှာမှာ မျက်​ခုံး​တွန့်​တစ်လှည့် ပြုံးတစ်လှည့်ဖြင့် ရှေ့လျှောက်နောက်လျှောက် လုပ်​နေပြန်သည်​။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now