အခန်း(၁၀၂၄)

289 31 0
                                    

အခန်း(၁၀၂၄)

သေချာပေါက် နောင်တရအောင် လုပ်ပေးမယ်။







Long Feiye မှာ အမှန်တကယ် ဗိုက်ဆာနေသလား သို့မဟုတ် အစားကြူးနေသည်လား။ Han Yunxi မှာ သူ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိ ဖြစ်နေသည်။ အစားအသောက် အနည်းငယ် ချက်ပြုတ်ပေးရမည်လား ဒါမှမဟုတ် သူ့ကို "ဝန်ဆောင်မှု" ပေးရမည်လား။ အဆုံးတွင် သူမက ပထမတစ်ခုအား ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် ချက်ပြုတ်ရန် ထွက်သွားလျှင် သူက သူမအား ထပ်မံ ရယ်မော၍ မရတော့ပေ။ 

Han  Yunxi  မှာ ပြုံးပြရင်း လေးစားသည့် အမူအရာဖြင့် ပြောလိုက်သည်။ " အရှင့်သားကို ဗိုက်ဆာအောင် လုပ်မိတာ ချန်ချီရဲ့  အမှားပါ။ ချန်ချီက  ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးမှာမလို့ အရှင့်သားက ကျွန်မကို ခွင့်လွှတ်ပြီး ခဏလောက်စောင့်ပေးပါ။ ”

သူမ အိပ်ရာပေါ်မှ ဆင်းသွားရန် ပြင်လိုက်စဥ် Long Feiye မှာ ရုတ်တရက် လှည့်လာပြီး သူ၏ ခန္ဓာကိုယ်အောက်တွင် သူမအား ဖိကပ်ထားကာ လက်နှစ်ဖက်ကြားတွင် သူမအား  ပိတ်ထားလေသည်။ သူမအား လှောင်ပြောင်မည့်အစား သူ၏ လှုပ်ရှားမှုများမှာ ငြိမ်သက်နေသည့်ညနက်မှ ရေကဲ့သို့ နူးညံ့သိမ်မွေ့လှသည်။ သူ၏ ခေါင်းအား သူမနားတွင် မြှုပ်ထားရင်း သူ၏အသံမှာ တိုးညင်းကာ နူးညံ့လှသည်။ "Han Yunxi မင်းက ကိုယ် ဘာစားချင်လဲလို့ မမေးတော့ဘူးလား။"

နောက်ဆုံးတွင် Han Yunxi မှာ အဖြေ ရသွားတော့သည်။ သူ ဘာစားချင်တာလဲ။ သူမ ကိုယ်တိုင်အပြင်…. သူက ညဘက် အစာစားရခြင်းအား မနှစ်သက်ပေ။ ထို့အပြင်၊ သူက သူမအား ပမာဏများစွာ စားချင်သည်။ ထိုစဥ် Long Feiye မှာ Han Yunxi ၏ခါးစည်းကာ ဖြည်လိုက်၍ သူ၏လက်မှာ အတွင်းသို့ ဝင်လာတာ သူမ ခန္ဓာကိုယ်အပေါ်သို့ ဖြည်းညင်းစွာ မြင့်တက်လာသည်။

သူက ပြုံးလိုက်သည်။ "Han Yunxi ရိုးရိုးသားသား ပြောရရင် မင်းရဲ့ ခေါက်ဆွဲတွေက အရသာ မရှိဘူး။မင်း ဒီအိမ်ရှေ့စံရဲ့ အရသာနဲ့ ကိုက်ညီတဲ့ တစ်ခုခုကို မချက်နိုင်မချင်း ကိုယ်က မင်းကိုပဲ စားရလိမ့်မယ်။" ယခုအချိန်တွင်တော့ သူ၏ လက်မှာ သူမ၏ ရင်သားများပေါ်တွင် နားခိုနေ လေသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now