အခန်း(၁၁၅၈)

241 30 2
                                    

အခန်း(၁၁၅၈)

မိန်းမယုတ်ဖြင့် ပျော်ရွှင်စွာ တွေ့ဆုံခြင်း။







Long Feiye မှာ သူမ၏ဗိုက်ကိုထိလိုက်ချိန်တွင် Han Yunxi အနည်းငယ် စိတ်လှုပ်ရှားလာသော်လည်း ပို၍ တင်းမာလာနေသည်ကို  မသိလိုက်ပေ။ နှစ်ယောက်စလုံး ငြိမ်ကျသွားသည်။ Long Feiye မှာ ပြင်းထန်စွာ မဖိဝံ့ဘဲ သူမကို ညင်သာစွာ ထိတွေ့လိုက်သည်။ သူ၏လက်မှာ ဓားဘုရင် ကန်ကျန်း ကို ကိုင်ဆောင်ထားပြီး ကိုယ်ခံပညာလောကကို ထိန်းချုပ်နိုင်ခဲ့သည်။ ၎င်းမှာ တော်ဝင်နန်းတွင်း၌ လှိုင်းထန်စေကာ တိမ်တိုက်ကုန်းမြေကြီးတစ်ခုလုံးကို ချေမှုန်းနိုင်လေသည်။ ၎င်းမှာ Han Yunxi ၏ လက်ချောင်းများနှင့် ရောယှက်နေပြီး သူမ၏ဆံပင်များ ဖြူသွားသည်အထိ ကာကွယ်ပေးသွားမည်ဟု ကတိပြုခဲ့သည်။

လက်ရှိတွင်တော့ ထိုတူညီသည့်လက်မှာ Han Yunxi ၏ ဝမ်းဗိုက်ပေါ်တွင် နားခိုရင်း အနည်းငယ် တုန်ရီနေလေသည်။ နောက်ဆုံးတွင် သူမက တင်းမာစွာ ခံစားနေရသည်ကို ရပ်တန့်လိုက်ပြီး သူ၏ စိုးရိမ်ပူပန်မှုကို သတိပြုမိလိုက်သည်။

သူမ မကူညီနိုင်ပဲ ပြုံးလိုက်မိတော့သည်။ " ကောင်ငယ်လေးကို ခံစားရလား။"

“သူ မလှုပ်ဘူး။” Long Feiye မှာ ခေါင်းခါလိုက်သည်။

Han  Yunxi  မှာ ရယ်မောသည်။ "စောလွန်းသေးတယ်။ တစ်လ နှစ်လလောက်ကြာရင်တော့ သူက ကျွန်မဗိုက်ကို ဖောင်းကားလာတဲ့အထိ ကြီးလာလိမ့်မယ်။”

"တကယ်လား။" Long Feiye မှာ စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားနေလေသည်။

တိမ်တိုက်ကုန်းမြေကြီး၏ အုပ်စိုးသူရှင်ဘုရင်တစ်ပါးထက် သူက သာမန်ခံစားချက်များဖြင့် သာမန် အမျိုးသားတစ်ယောက် ကဲ့သို့ပင်။ Han Yunxi မှာ မြေအောက်နန်းတော်၌ Han Chen ၏ စကားများကို ရုတ်တရက် ပြန်သတိရမိပြီး Long Feiye တွင် အသုံးပြုရန်အတွက် ပြုပြင်ပြောင်းလဲမိသည်။ Long Feiye ကို တစ်ယောက်ယောက်က ကလေးနဲ့ လှည့်စားဖို့ အသုံးချရင် ဘာပဲဖြစ်ဖြစ် သူ ယုံလိမ့်မယ်။

"တကယ်။" Han Yunxi  မှာ ပြုံးလိုက်သည်။ “ရှင့်ရဲ့နားကို ကျွန်မ ဗိုက်ပေါ် ကပ်ထားလိုက်။ အခု သူ လှုပ်ရှားနေတာကို ရှင် ကြားချင် ကြားနိုင်လိမ့်မယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now