အခန်း(၁၀၅၂)

264 28 0
                                    

အခန်း(၁၀၅၂)

သွေးအိုင်များ၊ လူတွေ ဘယ်ရောက်သွားလဲ။







ယခုအချိန်တွင်တော့ Mu Linger မှာ သူ့ကို ကိုက်ခဲလိုက်သည်။ မန်နေဂျာ Jin မှာ နာကျင်မှုကို မခံနိုင်လုနီးပါးဖြစ်နေသော်လည်း Mu Linger ကို မတုံ့ပြန်ပဲ ဆက်၍ ကိုက်ခဲခွင့်ပြုထားသည်။

အဆုံးတွင်တော့ သူမက နှာခေါင်းရှုံ့ကာ ဦးစွာ လွှတ်ပေးလိုက်သည်။ "မန်နေဂျာ Jin၊ ကျွန်မ အခု ရှင့်ကိုပြောလိုက်မယ်။ ကျွန်မ ကလေးချီထားတာ မဟုတ်ရင် ရှင်နဲ့ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူး။"

"ဒါဆို မင်း က​လေးတစ်​​ယောက်​ကို ချီထားတာ​သိသေးတယ်ပေါ့။ ပြီးတော့ ပြန်သွားပြီး သေချင် နေသေးတာလား။” မန်နေဂျာ Jin မှ ပြန်ပက်လိုက်သည်။

သူက နုံအလွန်းသည့် အမျိုးသမီး၏ ဘယ်အပိုင်းကို သဘောကျမိမှန်း နားမလည်နိုင်ခဲ့ပေ။ သူမ၏ ရင်ခွင်ထဲတွင် မွေးကင်းစကလေးငယ်နှင့်အတူ အန္တရာယ်မှ လွတ်မြောက်လာခြင်းအတွက် ဝမ်းသာရမည့် အစား အခြားသူများကို ကယ်တင်ရန် ပြန်ပြေးသွားချင် နေသည်။ သူမမှာ တစ်ယောက်ရဲ့ အရည်အချင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ နားမလည်ဘူးလား။ 

သူ၏မေးခွန်းမှာ နောက်ဆုံးတွင်တော့ Mu Linger အား သူမ၏လုံခြုံရေးမှာ ကလေး၏ဘေးကင်းကြောင်းဖြစ်မှန်း နားလည်သွားတော့သည်။ သို့တိုင်အောင် အစ်မကျင်းနှင့် ကျန်သူများအား နောက်တွင် မထားခဲ့ရက်နိုင်ပေ။  အထူးသဖြင့် အစ်မကျင်းပင်။ သူမတွင် တစ်ခုခုဖြစ်ခဲ့လျှင်။ ကလေးက ဘယ်လိုလုပ်မည်လဲ။ထို့နောက် Tang Li… ထိုအချိန်တွင် သူမ ဘာလုပ်ရ တော့မည်လဲ။

"Jin Zi၊ ရှင် သူတို့ကို ကယ်ဖို့ နည်းလမ်းမရှိဘူးလား။" Mu Linger မှာ ရှိုက်သံများဖြင့် မေးလိုက်သည်။

"မင်းငါ့ကိုတောင်းပန်နေတာလား။" မန်နေဂျာ Jin မှ မေးလိုက်သည်။

အထူးသဖြင့် မည်သူ့ကိုမျှ မကယ်တင်နိုင်သောအခါတွင် Mu Linger မှာ  ယခုအချိန်တွင် သူမ၏ မာနဖြင့် စိတ်ရှုပ်မခံနိုင်တော့ပေ။ သူမက လေးလေးနက်နက် ခေါင်းညိတ်ကာ ကြေငြာလိုက်သည်။ “ကျွန်မ ရှင့်ကို  တောင်းပန်နေတာ..”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now