အခန်း(၁၁၁၂)

243 28 0
                                    

အခန်း(၁၁၁၂)

အဲဒီ ဆေးညွှန်းကို ပြန်ယူခဲ့။







အမျိုးသမီးသမားတော်မှာ ဤနေရာသို့ ပြန်ပေးဆွဲလာခံရပြီးနောက် ထိတ်လန့်တုန်လှုပ်နေသည့်ဝေဒနာကို ခံစားနေရသည်။ Han Yunxi ကို မြင်လိုက်ရသောအခါတွင်မူ သူမ ထိတ်လန့်တကြား အော်ဟစ်မိလုနီးပါးပင်။ Han Yunxi မှာလည်း သူမကို တွေ့လိုက်ရလျှင်  အံ့သြသွားတော့သည်။ ဒါဆေးမြို့တော် ရမ်မျိုးနွယ်ရဲ့ စတုတ္ထ သခင်မလေး မဟုတ်လား။ 

Bai Yanqing က သမားတော်အားလုံးထဲမှာ ဒီမိန်းကလေးကို ပြန်ပေးဆွဲလာတာ ဘယ်လို တိုက်ဆိုင်တာလဲ။ စတုတ္ထ သခင်မလေးရမ်မှာ သားဖွားမီးယပ်တွင် ထူးချွန်ပြီး နယ်ပယ်တွင် အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုပြိုင်ပွဲတွင်  Gu Beiyue မှာ ၁) သူမ၏ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုနှင့် ၂) သူမ၏မွေးဇစ်မြစ်ကို သတိပြုမိသောကြောင့် သူမအား သူ၏လက်ထောက်အဖြစ် ရွေးချယ်ခဲ့သည်။ရမ်မျိုးနွယ်မှာ ဆေးမြို့တော်တွင် ကြီးမားသော စွမ်းအားတစ်ခုဖြစ်သည်။ Gu Beiyue မှ မိန်းကလေးရမ်ကို ဦးဆောင်လမ်းပြခြင်းဖြင့် မျိုးနွယ်မှာ သူ၏ ဘေးတွင် သဘာဝအတိုင်း ရပ်တည်လိမ့်မည်။ 

စတုတ္ထ သခင်မလေးရမ် ၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်လိုက်ရလျှင် Han Yunxi မှာ သူမကို အကြည့်ဖြင့် အချက်ပြလိုက်လျှင် သူမက ပဟေဠိဖြစ်သွားတော့သည်။ သို့ရာတွင် Bai Yanqing မှာ ရုတ်တရက် အော်လိုက်လေသည်။ "တစ်ယောက်ယောက် မြန်မြန်လာ။ အဲဒီဆေးညွှန်းကို ပြန်ယူလာဖို့ တစ်ယောက်ယောက် လွှတ်လိုက် မြန်မြန်… "

ဘာတွေဖြစ်နေတာလဲ…

Bai Yanqing က ဆေးညွှန်းတွေမှာ သူရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်တယ်ဆိုတာ သတိထားမိသွားတာလား။ ဒါပေမယ့် သူကိုယ်တိုင်ပဲ စစ်ဆေးခဲ့တာပဲ မဟုတ်လား ။

Su Xiaoyu နှင့် Ning Jing တို့မှာ အကြည့်ချင်းဖလှယ်ကာ ထပ်မံ မတွေးဝံ့တော့ပေ။ Han Yunxi  မှာ ငြိမ်သက်စွာ မျှော်လင့်ချက်မဲ့ဟန်ဆောင်၍ ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ စတုတ္ထ သခင်မလေးရမ် တစ်ယောက်သာ  ကြောက်ရွံ့ထိတ်လန့်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သူမက မွေးဖွားရခက်ခဲနေသော မိခင်တစ်ဦးကို ပြုစုစောင့်ရှောက်ပေးခဲ့ကာ ကိုယ်လက်သန့်စင်ပြီး အိမ်ပြန်ရန် ပြင်ဆင်နေစဥ် တစ်စုံတစ်ဦးမှ ပြန်ပေးဆွဲလာခဲ့သည်။ တရားခံမှာ အနက်ရောင်ဝတ်ရုံဖြင့် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးဖြစ်ကာ သူမ၏ မျက်လုံးများအား စည်းနှောင်လာသည်။ သူမ ဘယ်သူကို စော်ကားမိထားလဲ၊ ဘာကြောင့် အဖမ်းခံရသည်လဲဆိုတာ မသိခဲ့ပေ။ သို့ရာတွင် Ning Jing ကိုတွေ့လိုက်သည်နှင့် အရာအားလုံးကို သူမ နားလည်လိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now