အခန်း(၁၁၈၆)

264 29 2
                                    

အခန်း(၁၁၈၆)

ချီကလေး မသွားပါနဲ့။





အရှင့်သားက ဘယ်မှာလဲ။

Long Feiye မှ ဘယ်သွားနေမှန်း ဘယ်သူမှမသိကြပေ။ အရိပ်အစောင့်များ၏ နားမလည်နိုင်သော အမူအရာများကို မြင်လိုက်ရလျှင် Chu Xifeng မှာ ဒေါသထွက်ကာ ကန်ကျောက် ပစ်ချင်နေတော့သည်။

"အရှင့်သား ဘယ်မှာလဲ ပြောကြလေ..” Chu Xifeng မှာ ဟိန်းဟောက်လိုက်သည်။ သူက တပ်စခန်း၌ တာဝန်အချို့ကို ထမ်းဆောင်ရင်း ယနေ့ တစ်ရက်လုံး အထိတ်တလန့် ဖြစ်နေရသည်။ သူက ပြန်ရောက်လာသည်နှင့် ဤသို့ ဖြစ်နေရန် ဘယ်သူက မျှော်လင့်မည်လဲ။ 

မင်းသမီးက Gu Qishao အကြောင်း ဘယ်လို သိသွားတာလဲ။ အရှင့်သားကော အခုမှ ဘာလို့ ပျောက်နေတာလဲ။

“မနေ့ညက အရှင့်သားက ပျောက်သွားပါတယ်၊ ဒါပေမယ့် ဘယ်သွားမှန်းတော့ မသိဘူး။”  အရိပ်အစောင့်တစ်ဦးမှာ မဝံ့မရဲပြောလိုက်သည်။

နောက်ထပ် ရဲရင့်သော အရိပ်အစောင့်တစ်ဦးမှာ အတွန့်တက်လာသည်။ “ ခေါင်းဆောင်… အရှင့်သားရဲ့ ဒေါသကို သိတာပဲ။ သူ့နောက်ကို ဘယ်သူမှ မလိုက်စေချင်ဘူးဆိုရင် ကျွန်တော်တို့ ကြိုးစားရင်တောင်မှ သူ့ကို ရှာလို့ မတွေ့နိုင်ဘူး။”

Chu Xifeng မှာ အံ့အားသင့်သွားပြီးနောက် အနောက်တောင်တန်းများသို့ အပြေးအလွှား ထွက်သွားကာ အခြားသူများကို အမှောင်ထဲတွင်ထားခဲ့လေသည်။ တုံးအလွန်းသောကြောင့် သူ့ကိုယ်သူ ရိုက်နှက် ပစ်ချင်တော့သည်။ မင်းသမီးမှာ မီးတွင်းကာလတွင် ရှိဆဲဖြစ်သောကြောင့် အရှင့်သားမှာ မဖြစ်မနေ စစ်ရေးကိစ္စများ မရှိလျှင် နောက်တန်းစခန်းမှ ထွက်ခွာမည်မဟုတ်ပေ။ သူက သွားခဲ့လျှင်တောင် အများဆုံး ယွင်နင်း တပ်စခန်းအထိသာ သွားလိမ့်မည်။ အရှင့်သားကို မတွေ့ရပဲ ထိုနေရာမှ ကိုယ်တိုင် လာခဲ့ရာ Chu Xifeng မှာ သူက အခြားနေရာသို့ သွားနေရမည်ကို သိလိုက်သည်။

အနောက်ဘက်တောင်တွေ….

Gu Beiyue နဲ့ Gu Qishao ကိုရှာဖို့ အရှင့်သားက အဲဒီနေရာကို တစ်ယောက်တည်းသွားတာ ဖြစ်ရမယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now