အခန်း(၁၀၇၆)
ဝန်လေးနေသော အကြည့်များ။
Han Yunxi နှင့် Long Feiye တို့မှ ရောက်ရှိလာရန် စောင့်မျှော်နေသူမှာ Bai Yanqing မှလွဲ၍ အခြားသူ မရှိပေ။ နွေဦးအစကတည်းက စောင့်နေခဲ့သည်။ သို့သော် သူ၏စိတ်ရှည်မှုမှာ သူ့အတွက် အလွန်ဆိုးရွားသော သတင်းတစ်ခုသာ ယူလာလေသည်။
Han Yunxi၊ Long Feiye၊ Gu Qishao နှင့် Gu Beiyue တို့မှာ ဓားစာခံများကို ကယ်ဆယ်ရန် သို့မဟုတ် မြောက်ဘက်သို့ ဦးတည်လာခြင်းမရှိပဲ ထိုအစား ကောင်းကင်ယံ တောင်သို့ သွားခဲ့သည်။ သူတို့က ဓားဂိုဏ်းချုပ်ဟောင်းနှင့် ဂုဏ်ထူးဆောင် အကြီးအကဲနှစ်ဦးကို ကယ်တင်နိုင်ခဲ့ရုံသာမက မိစ္ဆာ ဓားဂိုဏ်းဝင်များကိုပါ အနှောက်အယှက်ဖြစ်စေခဲ့သည်။ ယခုအချိန်တွင်၊ မိစ္ဆာဓါးဂိုဏ်းမှာ လုံးဝပျက်စီးသွားခဲ့ပြီး နတ်ဆိုးဓါးထိန်းသိမ်းရေးအဆောင် အပြင် ဘာမှမကျန်တော့ပေ။
Bai Yanqing မှာ ကောင်းကင်ယံ သို့မဟုတ် မိစ္ဆာဓါးဂိုဏ်းကို စိတ်မဝင်စားပေ။ သူ၏အဓိကရည်ရွယ်ချက်မှာ ကန်ကျန်း ဓားပင်။ ယခုတွင်တော့၊ Long Feiye နှင့် Han Yunxi တို့မှာ သူတို့၏ စုံတွဲကျင့်ကြံမှု မည်သည့်အတွက်ကြောင့် မအောင်မြင်ရခြင်း နှင့် ဇာမဏီ စွမ်းအင်၏ လျှို့ဝှက်ချက်များအား သိရှိနိုင်တော့မည်။တစ်ဖန် သူ၏ အကြံအစည်မှာ အချည်းအနှီးဖြစ်သွားပြန်သည်။
ပို၍အရေးကြီးသည်မှာ၊ Gu Qishao မှ မော့ရှဲ့ ဓားဝိဥာဉ်ကို ထိန်းချုပ်နိုင်ခဲ့သည်အား သူက မယုံနိုင်ပေ။ သူ ဘယ်တုန်းက ၎င်းကို တွေ့ခဲ့သည်လဲ။ Gu Qishao မှာ ဓါးအား သိမ်းဆည်းထားရန် ဓားဝိဥာဥ်၏ ဖိအားကို ဘယ်လို ခံနိုင်ရည်ရှိနေသည်လဲ။
Long Feiye နှင့် Han Yunxi တို့မှာ ကန်ကျန်း နှင့် မော့ရှဲ ရတနာဓားများကို ရရှိပြီးသည်နှင့် သူတို့၏ စုံတွဲကျင့်ကြံမှု အောင်မြင်သွားမည်မှာ သေချာနေသည်။ Long Feiye မှာ သူ၏ ရမက်ဝါးမြိုခြင်းစွမ်းအင်အပေါ် စစ်မှန်စွာ ထိန်းချုပ်နိုင်လာလျှင် Bai Yanqing မှာ အန္တရာယ်ရှိလာလိမ့်မည် ။ မည်သို့ပင်ဖြစ်စေ သူက ထိုသို့သောဖြစ်ရပ်ကို ခွင့်မပြုနိုင်ပေ။
“သခင်ကြီး၊ ကန်ကျန်းဓားက ပြန်ပြီး ချိတ်ပိတ်လိုက်ပြီ မဟုတ်ဘူးလား။ Long Feiye က အဲ့တာရဲ့ ဝိဥာဥ်ကို မဖိနှိပ်ခဲ့ဘူး။ ကျွန်တော်တို့က ဘာလို့ အခြေအမြစ်မရှိပဲ ကြောက်နေရမှာလဲ။" အနက်ရောင် မျက်နှာဖုံးစွပ် လက်အောက်ငယ်သား တစ်ဦးမှာ စကားပြောလာသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...